29 C
Yangon

ဘုတလင်မြို့ပေါ်ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို ၂ ရက်ဆက် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၂ ဦးသေဆုံး

Must read

ဘုတလင်မြို့ပေါ်ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို ၂ ရက်ဆက် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၂ ဦးသေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၁၂

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ပေါ်ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို ၂ ရက်ဆက် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၂ ဦးသေဆုံးခဲ့ကြောင်း Ba Thu Kyawal Column အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာလ ၈ ရက်နေ့နှင့် ၉ ရက်နေ့တို့တွင် ဘုတလင်မြို့​ပေါ်ရှိ စစ်သား ၊ ပျူစောထီး နှင့် ရဲများ တပ်စွဲထားသော ထွေအုပ်ရုံး ၊ မီးသတ်စခန်း ၊ ရဲစခန်းနှင့် OSS ရုံးတို့ကို တော်လှန်ရေး တပ်ဖွဲ့များက Shar Htoo Waw နည်းပညာဖြင့် ၂ ရက်ဆက် ဗုံးကျဲ တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့​ကြောင်း သိရသည်။

” မီးသတ်ရုံးတော့ ပျက်ဆီးသွားတယ်။ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း စစ်ခွေးတွေဘက်က ၂ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိတယ်လို့ အတွင်းဖရဲသီး သတင်းအရ သိရတယ်” ဟု Ba Thu Kyawal Column အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ယင်းမာပင်ခရိုင်အမှတ် ၉ တပ်ရင်း (N.W.P.D.F) ၏ Ba Thu Kyawal Column ၊ B-21Kani PDF (ယင်းမာပင်ခရိုင်တပ်ရင်း၁၇) နှင့် Chindwin Brothers တပ်ဖွဲ့တို့က ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article