25 C
Yangon

အာဆီယံအထူးကိုယ်စားလှယ် ခရီးစဉ် လူထုက ရင်မခုန်ဘဲ အမေရိကန်က မင်းအောင်လှိုင်စစ်တပ်ကို လူမျိုး တုန်းသတ်ဖြတ်မှု တရားခံအဖြစ် ကြေညာမှု နောက်ဆက်တွဲ စိတ်ဝင်တစားစောင့်ကြည့်ဟု ဦးမင်းကိုနိုင်ပြော

Must read

ရန်ကုန်၊ မတ် ၂၂

မြန်မာနိုင်ငံတွင် အာဆီယံ အထူးကိုယ်စားလှယ် လာရောက်နေသော်လည်း လူထုက ရင်ခုန်မှုမရှိဘဲ အမေရိကန်က မင်းအောင်လှိုင်စစ်တပ်ကို ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှု တရားခံအဖြစ် ကြေညာမှု နောက် ဆက်တွဲကိုသာ စိတ်ဝင်တစားစောင့်ကြည့်နေကြောင်း နွေဦးတော်လှန်ရေးခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးမင်းကိုနိုင်က ပြောဆိုသည်။

“မြန်မာ့အရေး အဖွဲ့အစည်းများတယ်ဆိုပြီး မျက်စိမလည်ပါနဲ့ဗျ၊ ဘက်က ၂ဘက်ပဲရှိတာပါ။ အာဆီယံ envoy ဇာတ်ကားရုံတင်ပေမယ့် ပြည်သူကရင်မခုံဘူး ။ဒါနဲ့ချိန်ကိုက် ဂျီနိုဆိုက်တရားခံအဖွဲ့အစည်းကိုကြေညာတဲ့အမေရိကန်ပြည်ထောင်စုရဲ့ သတင်းကားကိုပဲ ရုံပြည့်ရုံလျှံအားပေးကြတာ။ ကြေညာပြီးဘာဆက်လုပ်မယ်ဆိုတာတော့ လောလောဆယ် ကာယကံရှင်နဲ့ ဘုရားသခင်ပဲသိမှာပေါ့။ တခုခုလုပ်ချင်လို့ စခင်းလိုက်တယ်ဆိုတာတော့လူတွေသိပြီးသား ။ ဆက်တွဲရမှာက တခုခုပြောပြီးရင် ရေဆုံးမြေဖျား လုပ်လေ့ရှိတဲ့သူတို့သဘာဝကို ဘယ်လိုထိန်းသိမ်းမလဲဆိုတာ ပါပဲ” ဟု ဦးမင်းကိုနိုင်က ပြောဆိုသည်။

လက်ရှိတွင် အာဆီယံ အထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး သည် မြန်မာနိုင်ငံတွင် မတ်လ ၂၁ ရက်နေ့မှ မတ်လ ၂၃ ရက်နေ့အထိ ရောက်ရှိနေပြီး အကျိုးဖြစ်ထွန်းသော တွေ့ဆုံမှုများ မလုပ်နိုင်သေးဘဲ စစ်ကောင်စီခင်းပေးထားသည့် လမ်းကြောင်းတွင်သာ တွေ့ဆုံမှုများလုပ်ဆောင်နေရသည်ဟု ပြည်တွင်းနိုင်ငံရေးအသိုင်းအ၀ိုင်းက သုံးသပ်ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article