ရန်ကုန်၊ မတ် ၂၂
နေပြည်တော်တွင် အကြမ်းဖက် ဖက်ဆစ် ခေါင်းဆောင် မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့သည့် အာဆီယံ ကိုယ်စားလှယ် ပရတ်ဆွတ်ခွန်ကို ကန့်ကွက် ရှုတ်ချကြောင်း ယနေ့ မတ်လ ၂၂ ရက်နေ့တွင် မုံရွာ-အမြင့်လမ်း ပင်မသပိတ် စစ်ကြောင်း ဦးဆောင်ကာ “ASEAN Stand For Democracy Not For Dictator အာဆီယံ ဒီမိုကရေစီအတွက်ရပ်တည်ပါ။ အာဏာရှင်ကို ဆန့်ကျင်ပါ။” စာတန်းကိုင်ဆောင်ကာ NUG သာ ပြည်သူ့အစိုးရဖြစ်ကြောင်း ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။