29.4 C
Yangon

ရေဦးတွင် ချောင်းရေမြင့်တက်မှုကြောင့် မီးဘေးသင့် ကျေးရွာများ ရေကြီးရေလျှံနေပြီး စားနပ်ရိက္ခာများ လိုအပ်နေ

Must read

ရေဦးတွင် ချောင်းရေမြင့်တက်မှုကြောင့် မီးဘေးသင့် ကျေးရွာများ ရေကြီးရေလျှံနေပြီး စားနပ်ရိက္ခာများ လိုအပ်နေ

ရန်ကုန်၊ အောက်တိုဘာ ၁၄

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်တွင် ချောင်းရေမြင့်တက်မှုကြောင့် မီးဘေးသင့် ကျေးရွာများ ရေကြီးရေလျှံနေပြီး စားနပ်ရိက္ခာများ လိုအပ်နေကြောင်း ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား)က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာလ ၁၂ ရက်နေ့ ညပိုင်းတွင် ရေဦးမြို့နယ်အတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရေဦးအနောက်ခြမ်းရှိ အောင်ကဲ့ဇင်ရွာ မူးဘောင်ကြီးမှ မူးချောင်းရေလျှံကာ မီးဘေးသင့်ကျေးရွာများကို ရေများ စတင်ဝင်ရောက်လာပြီး လက်ရှိချိန်ထိ ရေများ ပြန်လည်ကျဆင်းခြင်းမရှိသေးဘဲ ရေကြီးရေလျှံနေကြောင်း သိရသည်။

“မိုးများတာကတော့ ဒီလ ၁၂ ရက်နေ့ညပိုင်းက တစ်ညလုံးရွာတာကြောင့် အခုလောက်အထိ ရေဝင်များလာတာပါ။ မိုးများပြီးတော့ ရေဦး အနောက်ခြမ်း အောင်ကဲ့ဇင်ရွာ မူးဘောင်ကြီးကနေ မူးချောင်းရေလျှံတက်လာပြီးတော့ မီးဘေးသင့်ရွာ တချို့ကို ရေတွေဝင်တာ ရေဦးနယ်အနောက်ခြမ်း မီးဘေးသင့်ခံထားရတဲ့ ချမ်းသာရွာ တောင်ပိုင်းနဲ့ မြောက်ပိုင်းကတော့ ရေမြုပ်နေပြီး အနီးအနားရွာတွေလည်း ရေဝင်နေတယ်။ ရေက အခုထိ မကျသေးဘူး” ဟု ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား)ကပြောဆိုသည်။

လက်ရှိချိန်တွင် ရေဦးမြို့နယ် အနောက်ခြမ်းရှိ အောင်ကဲ့ဇင်ကျေးရွာ၊ မြင်းမြေကျေးရွာ၊ ထောက်ကြံ့ကျေးရွာ၊ လက်မထောင်းကျေးရွာနှင့် ချမ်းသာကျေးရွာ တို့ ရေကြီးရေလျှံနေပြီး ချမ်းသာရွာသည် အကြမ်းဖက် စစ်တပ်က ၅ ကြိမ် မီးရှို့ဖျက်ဆီးထားသော ကျေးရွာဖြစ်ပြီး ရွာလုံးကျွတ် နီးပါး ရေကြီးရေလျှံနေကာ စားနပ်ရိက္ခာများ အရေးပေါ် လိုအပ်လျက်ရှိကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article