Khit Thit သတင်းဌာန၏ အောက်တိုဘာ ၁၄ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ အောက်တိုဘာ ၁၄ ရက် နေ့လယ်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
– အမေရိကန်ဆိုင်ရာ မြန်မာစစ်သံမှူးကို အမေရိကန်ရောက် မြန်မာတွေက သူ့ရဲ့ နေအိမ်အရှေ့အထိ သွားရောက် ဆန္ဒပြရာမှာ စစ်သံမှုး အောင်သူရိန်ဟာ ကြောက်လန့်တကြား ကားနဲ့ ထွက်ပြေးသွား တယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။
– မန္တလေးတိုင်း၊ တောင်သာမြို့နယ်က ( ထွေ/အုပ်ရုံး) ကိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကနေ ဒရုန်းနဲ့ ဗုံးကျဲတိုက်ခိုက်မှုကို လာစစ်ဆေးတဲ့ မြို့နယ်အုပ်ချုပ်ရေးမှူး နဲ့ မြို့နယ်ရဲတပ်ဖွဲ့မှူးတို့ ၂ ဦး ပြင်းထန်ဒဏ်ရာ နဲ့ ဆေးရုံရောက်သွားတယ်လို့ စစ်တပ်ဘက်က သတင်းထုတ်ပြန်မှု နဲ့ ဒေသခံ ပြည်သူတချို့ရဲ့ ပြောဆိုချက်အရ သိရပါတယ်။
– ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပ မြို့နယ်က အကြမ်းဖက် စစ်တပ် ဘက်တော်သား /ပိုင် မိုက်တီး ဘီယာဆိုင်ကို သတိပေးဖောက်ခွဲတိုက်ခိုက်မှုအတွင်း ကား ၂ စီး ပျက်စီးသွားပြီး ဆိုင်လုံခြုံရေး ဝန်ထမ်း ၁ ဦးဒဏ်ရာရသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
