26 C
Yangon

ရေစကြိုရှိ ပခန်းကြီးရဲစခန်းမှ ရဲ ၂ ဦးကို ပစ်ခတ် ဖမ်းဆီးမှု ၁ ဦးသေဆုံး၊ သာစည်မြို့နယ်တွင် အုပ်ချုပ်ရေးမှူး ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး

Must read

ရေစကြိုရှိ ပခန်းကြီးရဲစခန်းမှ ရဲ ၂ ဦးကို ပစ်ခတ် ဖမ်းဆီးမှု ၁ ဦးသေဆုံး၊ သာစည်မြို့နယ်တွင် အုပ်ချုပ်ရေးမှူး ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၁၄

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ပခန်းကြီးရဲစခန်းအနီးရှိ ဘီယာဆိုင်၌ ဘီယာသောက်ပြီးထွက်လာသည့် ရဲ ၂ ဦးကို အရှင်ဖမ်းဆီးရာ ပြန်လည် ခုခံထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးမှု ဖြစ်ပွားပြီး ရဲတပ်ကြပ် ၁ ဦး သေဆုံးခဲ့ကြောင်း ရေစကြို ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ အောက်တိုဘာလ ၁၄ ရက် ညနေ ၃ နာရီခွဲခန့်တွင် ရေစကြိုမြို့နယ်၊ ပခန်းကြီးရဲစခန်းမှ ရဲတပ်ကြပ် နိုင်လင်းနှင့် ရဲတပ်သား ၁ ဦးတို့သည် ပခန်းကြီးကျောင်းတော်ကြီးအနီး ဘီယာဆိုင်၌ ဘီယာသောက် နေ​စဥ် တော်လှန်ရေးတပ်ဖွဲ့ဝင်များက သွားရောက် ဖမ်းဆီးရာ အရှင်ဖမ်းနိုင်ခဲ့ပြီး ပြန်လည် ခုခံထွက်ပြေးသောကြောင့် ပစ်ခတ်ဖမ်းဆီးရာ ရဲတပ်ကြပ် နိုင်လင်း နေရာ၌ပင် သေဆုံးသွားကာ ကျန်ရဲတပ်သား ၁ ဦးမှာ ဒဏ်ရာများဖြင့် ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရသည်။

“ကျနော်တို့ဆီမှာက ရေလယ်ကျွန်းမှာကလည်း စစ်ကြောင်းထိုးနေတာ၊ အဲဒါကိုလည်း တိုက်ခိုက်ဖို့ ချောင်းနေတဲ့အချိန် ရဲစခန်းထဲကနေ သတင်းပေးလို့ သွားဖမ်းတာ၊ စစ်သုံ့ပန်းဥပဒေနဲ့အညီ အရှင် ဖမ်းနိုင်ခဲ့ပေမယ့် သူတို့က ခုခံထွက်ပြေးဖို့လုပ်တာနဲ့ ပစ်ခတ်ဖမ်းဆီးခဲ့ရတာ၊ ရဲတပ်ကြပ်နိုင်လင်းက တော့ နေရာမှာပင်သေသွားတယ်၊ ကျန်တဲ့ရဲတစ်ယောက်ကတော့ ဒဏ်ရာတွေနဲ့ ထွက်ပြေးသွားတာ၊ အခုချိန်အထိတော့ ပျောက်နေသေးတယ်လို့ပဲ သတင်းရတယ်၊ အဲဒီနေရာကလည်း ပခန်းကြီးရဲစခန်းနဲ့ နီးတော့ လိုက်မရှာတော့ပဲ သူတို့ပါလာတဲ့ ပစ္စည်းတွေပဲ သိမ်းလာခဲ့လိုက်တာပါ” ဟု ရေစကြိုပကဖမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ ပစ်ခတ်ဖမ်းဆီးမှုကို ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ပကဖ ရဲဘော်များမှ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိခဲ့ကြောင်း၊ အကြမ်းဖက်စစ်တပ် လက်အောက်ခံ ရဲများနှင့်အတူပါလာသည့် ဆိုင်ကယ်တစ်စီး၊ ဖုန်းတစ်လုံး၊ ဓားတစ်ချောင်းတို့ကို သိမ်း ဆည်းနိုင်ခဲ့ကြောင်း သိရသည်။

အလားတူ မန္တလေးတိုင်း၊ သာစည်မြို့နယ်၊ သန်းတောကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျောက်ခဲ ပစ်ခတ်ခံ ရပြီးသေဆုံးသွားကြောင်း ဒေသနေပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

ယနေ့ အောက်တိုဘာလ ၁၄ ရက် နံနက် ၈ နာရီခန့်က အကြမ်းဖက်စစ်တပ် ထောက်တိုင်အကြီးစား သာစည်မြို့နယ်၊ သန်းတောကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျောက်ခဲကို အမည်မသိ သေနတ်သမားများက ပစ်ခတ်ခဲ့ရာ ပွဲချင်းပြီး သေဆုံးသွားကြောင်း၊ အကြမ်းဖက်စစ်တပ်က အလောင်းကို လာရောက်သယ်ဆောင်သွားပြီး မြောင်ဦးကျေးရွာဘက်အထွက်၌ သေနတ် ၅ ချက်ပစ်ဖောက်သွားကြောင်း သိရသည်။

“မန္တလေးတိုင်း၊ သာစည်မြို့နယ် သန်းတောကျေးရွာအုပ်ကြီး ကျောက်ခဲ ပစ်ခတ်ခံရလို့ ဒီကနေ မနက် ၈ နာရီလောက်မှာပဲ ပွဲချင်းပြီးသေဆုံးသွားပါတယ်၊ သူက စစ်တပ်ထောက်တိုင်အကြီးစားပါ၊ စစ်တပ်က မ နက် ၁၀ လောက်မှာ အလောင်းလာသယ်သွားပြီး သန်းတောအနောက်ဘက်က မြောင်ဦးရွာ အပြန်မှာ သေနတ် ၅ ချက် ပစ် ဖောက်သွားပါတယ်” ဟု ဒေသနေပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာန ထံသို့ ပြောကြားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article