30 C
Yangon

မတ်လ ၂၇ အကြမ်းဖက်စစ်တပ်နေ့တွင် ရဲစခန်းများ အလစ်အငိုက် တိုက်ခိုက်ခံရနိုင်၍ သတိရှိကြရန် စစ်ကောင်စီက ညွှန်ကြား

Must read

ရန်ကုန်၊ မတ် ၂၃

မတ်လ ၂၇ ရက်နေ့ ကျရောက်သည့် အကြမ်းဖက်စစ်တပ်နေ့တွင် ရဲစခန်းများကို အလစ်အငိုက် တိုက် ခိုက်ခံရနိုင်သဖြင့် သတိရှိကြရန် စစ်ကောင်စီက ရဲစခန်းများကို ညွှန်ကြားလိုက်ကြောင်း Myanmar Police CDM Channel က ရဲကြေးနန်းကို ကိုးကား၍ ထုတ်ပြန်ထားသည်။

အဆိုပါကြေးနန်းစာတွင် မတ်လ ၂၇ ရက်နေ့တွင် ကျင်းပမည့် အကြမ်းဖက်စစ်တပ်နေ့အခမ်းအနား နီးကပ်လာပြီဖြစ်၍ အစွန်အဖျားကျသော ရဲစခန်း၊ ရဲကင်းစခန်းများအား တိုက်ခိုက်ခံရနိုင်သည်ဟု သတင်းရရှိထားကြောင်း၊ လုံခြုံရေးအသိ၊ လုံခြုံရေးသတိဖြင့် တစ်ဝက်အိပ် တစ်ဝက်နိုးစနစ်ဖြင့် လုံခြုံရေးစောင့်ကြပ်ရန်၊ တပ်ဖွဲ့ဝင်နှင့်မိသားစုဝင်များ တိုက်ခိုက်ခံရမှုမရှိစေရေး တာဝန်ရှိသူအဆင့် ဆင့်မှ ကြပ်မတ်ဆောင်ရွက်ရန်၊ ရဲစခန်း၊ ရဲကင်းစခန်းများတွင် ခံစစ်ဥပဒေနှင့်အညီ ဘန် ကာ(Over Head)၊ ကတုတ်ကျင်း၊ ဆက်သွယ်ရေးတူးမြောင်းများ စနစ်တကျပြင်ဆင်ဆောင်ရွက်ထား ရှိ ရန်၊ လူ၊ လက်နက် ၊ခဲယမ်း၊ ယာဉ် အသင့်ဖြစ်စေရေးစနစ်တကျစုဖွဲ့ထားရှိရန်၊ လုံခြုံရေးသတင်း၊ ထောက် လှမ်းရေးအသိဖြင့် ဂရုပြုဆောင်ရွက်ရန်၊ သတင်းလက်ဦးမှုရရှိရေး စီစဉ်ဆောင်ရွက်ထားရှိရန်နှင့် ထူးခြားမှုရှိပါက သက်ဆိုင်ရာ တပ်နယ်နှင့်ချိတ်ဆက်ဆောင်ရွက်နိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိရန်ဟု အဆင့်ဆင့်ညွှန်ကြားထားကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ရဲစခန်း၊ ရဲကင်းစခန်းများအား နေရာအနှံအပြား ချေမှုန်းခံနေရကာ ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအနေဖြင့် ကြောက်ရွံ့နေကြပြီး ကြိုတင်ပြင်ဆင်နိုင်ရေး ယခုကဲ့သို့အထက်အဆင့်ဆင့်မှ ညွှန်ကြားစာများ မကြာခဏဆိုသလိုထုတ်ပြန်ညွှန်ကြားနေကြသည့်အပြင် နီးစပ်ရာစစ်တပ်အား ချိတ်ဆက်အကူအညီတောင်းရန်ညွှန်ကြားထားကြောင်း Myanmar Police CDM Channel ၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article