24.9 C
Yangon

Khit Thit သတင်းဌာန၏ အောက်တိုဘာ ၁၆ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ အောက်တိုဘာ ၁၆ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ အောက်တိုဘာ ၁၆ ရက် မနက်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့

-အကြမ်းဖက်စစ်တပ်က ဖမ်းဆီးရမိတဲ့ PDF မှန်သမျှကို အရှင်မထားဘဲ သုတ်သင်ပြီး အသက် ၆ နှစ်အတွင်း ရှိတဲ့ကလေးတွေ၊ စိတ်မနှံ့သူတွေနဲ့၊ PDF ကို စိတ်နာနေသူတွေကို သတင်းပေးအဖြစ် အသုံးပြုမယ့် တန်ပြန် ပြောက်ကျားစနစ် ကျင့်သုံးရန် လျှို့ဝှက်ညွှန်ကြားထားတယ်လို့ ရန်ကုန်ခေတ်သစ်က ရရှိထားတဲ့ လျှို့ဝှက်ညွှန်ကြားစာအရ သိရပါတယ်။

– ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ အောင်ဂျာကျေးရွာတိုက်ပွဲမှာ တပ်မ ၈၈ လက်အောက်ခံ အမှတ် ၁၀၃ ခြေမြန်တပ်ရင်း၊ တောင်တွင်းကြီးတပ်မှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး သက်အောင်အောင် သေသွားတယ်လို့ စစ်တပ်သတင်းရင်းမြစ်နဲ့ KIA သတင်းရင်းမြစ်တွေ ဆီကသိရပါတယ်။

– ဗန်းမော်- လိုင်ဇာလမ်းမှာ စစ်ကြောင်းထိုးဖို့တက်လာတဲ့ ခလရ ၇၇ တပ်ကို KIA တပ်တွေက ကြားဖြတ် တိုက်ခိုက်ရာ စစ်တပ်ဘက်က ထိခိုက်သေဆုံးမှု များပြားနိုင်တယ်လို့ သိရပါတယ်။

– ရှမ်းပြည်နယ်၊ ကိုးကန့်ဒေသမှာ အကြမ်းဖက်စစ်တပ်နဲ့ MNDAA တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက် က အရာရှိတွေအပါအဝင် ၁၆ ဦးသေကာ တပ်ပျက်ပြီး ထွက်ပြေးသွားတဲ့အတွက် လက်နက်တွေ သိမ်းဆည်းရရှိခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article