29 C
Yangon

မြင်းမူ နှင့် မြောင်မြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို ဗုံးကျဲပစ်ခတ်တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံးပြီး ၁၃ ဦးဒဏ်ရာရ

Must read

မြင်းမူ နှင့် မြောင်မြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို ဗုံးကျဲပစ်ခတ်တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံးပြီး ၁၃ ဦးဒဏ်ရာရ

ရန်ကုန်၊ အောက်တိုဘာ ၁၆

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ နနွင်းကိုင်းရွာဘက်သို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်ကြောင်း နှင့် ကျောက်ရစ်စခန်းမှ ထွက်လာသော စစ်ကြောင်းကို ဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့ ကြောင်း မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အောက်တိုဘာလ ၁၂ ရက် မွန်းလွဲ ၁ နာရီ ၄၅ မိနစ်ခန့်က ရေစကြိုမြို့နယ်မှ နနွင်းကိုင်းကျေး ရွာဘက် သို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်တပ် ပထမ စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးသီး ၂ လုံး ကျဲချ တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်သားများ ထိခိုက်ဒဏ်ရာ သေဆုံးမှုကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရ သည်။

အဆိုပါတိုက်ခိုက်မှုကို မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ – CDSOM ၏ ၀၀၁ ဒရုန်း အဖွဲ့၊ မြောင် ပလဖ ၊မြင်းခြံခရိုင် တပ်ရင်း ၂ ၊ BGF ၊နောင်ရိုး၊ LACR ၊ Young Man ၊ ဆင်ရိုင်းစစ်ကြောင်း၊ Dragon King ၊ 11 Brothers ၊ စဉ့်ကိုင်အဖွဲ့၊ စဉ့်ကိုင် ပကဖ၊ စစ်ကိုင်းခရိုင် တပ်ရင်း ၂ တပ်ခွဲ ၃ ၊ စစ် ကိုင်းခရိုင် တပ်ရင်း ၆ တပ်ခွဲ ၃ ၊ ပြည်သူ့တပ်မတော် (မြောင်) – Myaung Union Army နှင့် Shwe Ao Revolution Force တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ အောက်တိုဘာလ ၁၂ ရက် ညနေ ၄ နာရီ ၅၀ မိနစ်အချိန် ကျောက်ရစ်စခန်းမှ ဆယ်ရွာဘက် သို့ ထွက်လာသော အကြမ်းဖက်စစ်တပ်၏ ဒုတိယစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ကြား ဖြတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦးသေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ အဆိုပါ အ ကြမ်းဖက်စစ်သားများက ခေါင်းခွဲကျေးရွာအတွင်း ဝင်ရောက်မီးရှို့ခဲ့ရာ နေအိမ် ၂၁ လုံးမီး လောင်ပြာ ကျခဲ့ကြောင်း၊ နွား ၅ ကောင် မီးလောင်သေဆုံးခဲ့ကြောင်း၊ ထို့သို့ မီးရှို့ပြီးနောက် ဇီးကျွန်းကျေးရွာဘက်သို့ ဆက်လက်ထွက်ခွာသွားကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ – CDSOM ၏ ၀၀၁ ဒရုန်း တပ်ဖွဲ့၊ မြင်းခြံခရိုင် တပ်ရင်း ၂ ၊ မြင်းခြံခရိုင် တပ်ရင်း ၁ ၊ စစ်ကိုင်းခရိုင် တပ်ရင်း ၄ ၊ Wild Bird ကော လင်းအဖွဲ့နှင့် အနောက်ပိုင်းကျေးရွာတပ်ပေါင်းစုတို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

အလားတူ စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ မြောင်လမ်းခွဲရှိ အကြမ်းဖက်စစ်သားများ တပ်စွဲထားရာ စခန်း ကို ဒရုန်း ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁၀ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း GTR MMU တပ်ဖွဲ့ထံမှ သိရသည်။

ယမန်နေ့ အောက်တိုဘာလ ၁၅ ရက်နေ့က မြင်းမူမြို့နယ် ၊ မြောင်လမ်းခွဲတွင် တပ်စွဲအထိုင်ချထားသော အကြမ်းဖက်စစ်ကောင်စီ တပ်စခန်းအား ဒရုန်းဖြင့် ဗုံးသီး ၆ လုံးကျဲ ချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ် သား ၁၀ ဦး အပြင်းအထန်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ အကြမ်းဖက်စစ်သားများဘက်မှ လက်နက်ကြီး ၊ လက် နက်ငယ်များဖြင့် ရမ်းသမ်း ပစ်ခတ်သော်လည်း တော်လှန်ရေးရဲဘော်များ အထိခိုက်မရှိ ဘေးကင်းစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို စစ်ကိုင်းခရိုင် တပ်ရင်း ၂ ၊ တပ်ခွဲ ၂၊ Ghost Team Ranger Myinmu(GTR-MMU)၊ မြင်းမူမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ (ပလဖ)၊ MyinMu Defense Force(MMDF)၊ မြင်းခြံခရိုင် တပ် ရင်း ၆ နှင့် Black Eagle Defense Force တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article