ရန်ကုန်၊ မတ် ၂၃
မင်းအောင်လှိုင်ခေါင်းဆောင်သည့် အကြမ်းဖက် စစ်တပ် အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ် ဖေ ဖော်ဝါရီလမှ စတင်ပြီး လက်ရှိချိန်ထိ ဖမ်းဆီးထားသော ရဲဘော်များကို အကျဉ်းထောင်များအတွင်း အကြမ်း ဖက် ဖိနှိပ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် လိင်အကြမ်းဖက်မှုများအတွက် စုံစမ်း စစ်ဆေးနိုင်ရန် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ International Red Cross Society (ICRC)ထံ တောင်းဆိုနိုင်သည့် ပြည်သူ ၂သိန်းကျော်၏ လက်မှတ်များ လိုအပ်လျက်ရှိကြောင်း LGBT Alliance – Myanmar အဖွဲ့ထံမှ သိရသည်။
အဆိုပါ ပြည်သူ ၂သိန်းကျော်၏ လက်မှတ်များကို “သံတိုင်နောက်မှ အလင်းတစ်စ”၊ “ထောင်တွင်းအကြမ်းဖက်မှု ရပ်တန့်ဖို့၊ ICRC ကို တွန်းကြစို့” ခေါင်းစဉ်ဖြင့် ကမ်းပိန်း လှုပ်ရှားမှု ပြုလုပ်နေပြီး ပြည်သူအားလုံး ပူးပေါင်း ပါဝင်ကြရန် တော်လှန်ရေး အင်အားစုများက ထုတ်ပြန်ထားသည်။
မင်းအောင်လှိုင် တိုင်းပြည် အာဏာသိမ်းချိန်မှ စ၍ လက်ရှိချိန်ထိ မတရားဖမ်းဆီးခံထားရသူ ရဲဘော် ၉၃၉၉ ဦးရှိပြီး ပြည်သူအများစု နေအိမ်၌ သက်တောင့်သက်သာ နေရချိန်တွင် ပြည်သူလူထု တစ်ရပ်လုံး လွတ်မြောက်ရေးအတွက် ကြိုးပမ်းခြင်းကြောင့် မတရားဖမ်းဆီးခံရသော ရဲဘော်များသည် သံတိုင်နောက်တွင် နေ့စဉ်နှင့် အမျှ ဖိနှိပ်ခံနေရပြီး ပြည်သူများ၏ ပူးပေါင်းပါဝင်မှုသည် သံတိုင်နောက်မှ တော်လှန်ရေးရဲဘော်များ၏ အသက်ဆက်ရန် မျှော်လင့်ချက် အလင်းစတစ်ခုဖြစ်ကြောင်း LGBT Alliance – Myanmarက ပြောဆိုထားသည်။
ယင်း ကမ်းပိန်းတွင် ပူးပေါင်းပါဝင်မည့် ပြည်သူများအနေဖြင့် https://actionnetwork.org/petitions/lightbehindbarsmyr/ Link တွင် ဝင်ရောက် လက်မှတ်ရေးထိုးနိုင်ကြောင်း သိရသည်။