26 C
Yangon

ပုလဲမြို့ပေါ်ရှိ ထွေအုပ်ရုံးနှင့် စာသင်ကျောင်း၌ နားနေသော စစ်သားများကို ပစ်ခတ် တိုက်ခိုက်၊ မြင်းခြံတွင် တပ်စွဲထားသော စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ၂ ဦး သေဆုံး

Must read

ပုလဲမြို့ပေါ်ရှိ ထွေအုပ်ရုံးနှင့် စာသင်ကျောင်း၌ နားနေသော စစ်သားများကို ပစ်ခတ် တိုက်ခိုက်၊ မြင်းခြံတွင် တပ်စွဲထားသော စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ၂ ဦး သေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၁၉

စစ်ကိုင်းတိုင်း၊ ပုလဲမြို့ပေါ်ရှိ ထွေအုပ်ရုံးနှင့် စာသင်ကျောင်းတို့၌ နားနေသော စစ်သားများကို ရော့ကတ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း MPL တိုက်နယ် ၄ ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာလ ၁၈ ရက်‌နေ့ ည ၇ နာရီခန့်တွင် ပုလဲမြို့ပေါ်ရှိ ထွေအုပ်ရုံးနှင့်စာသင်ကျောင်းတို့၌ နားနေသော စစ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ရော့ကတ်ဒုံး အလုံးရေ ၃၀ ကျော်ဖြင့် ပစ်သွင်း တိုက်ခိုက်ခဲ့ရာ စာသင်ကျောင်း အတွင်း ကျရောက် ပေါက်ကွဲခဲ့ပြီး စစ်သားများက လက်နယ်ငယ်များ၊ လက်နက်ကြီးများဖြင့် ပြန်လည် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို MPL တိုက်နယ် ၄ ပကဖ ၊ သိမ်းငှက်နီ၊ အညာဒေါင်း၊ အညာမုန်တိုင်း၊ M7 PEOPLE’S DEFENCE FORCE တပ်ခွဲ ၃ MPRA၊ MVRF တပ်ရင်း ၆ ၊ မုဆိုးလေး၊ ပုလဲတိုက်နယ် 7 နှင့် မြိုင်မြို့နယ်မြောက်ပိုင်း ပကဖ တို့မှ ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး စစ်သားများ ထိခိုက်သေဆုံးမှု ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။

ထို့ပြင် မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ပျားကျေးရွာ၌ တပ်စွဲထားသော စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက် ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း Myingyan District Drone Strike Team ထံမှ သိရသည်။

အောက်တိုဘာလ ၁၅ ရက် ညနေ ၅ နာရီခန့်က မြင်းခြံမြို့နယ်၊ ပျားကျေးရွာ၌ တပ်စွဲထားသော အ ကြမ်း ဖက်စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ကင်းစောင့်နေသာ အကြမ်းဖက်စစ်သား ၂ ဦး သေဆုံးပြီး ၃ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထိခိုက်ဒဏ်ရာရရှိသူများကို လူနာတင်ကား ၂ စီး ဖြင့် မြင်းခြံမြို့ပေါ်သို့ ညတွင်းချင်း သယ်ဆောင်သွားကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို Myingyan District Drone Strike Team – MDDS ၊ ဗိုလ်စား ပြောက်ကျား တပ်ဖွဲ့နှင့် MGN 35 ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article