23 C
Yangon

နောင်ချိုမြို့အနီး စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်က ရဟတ်ယာဥ်ဖြင့် ပစ်ခတ်

Must read

နောင်ချိုမြို့အနီး စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်က ရဟတ်ယာဥ်ဖြင့် ပစ်ခတ်

ရန်ကုန်၊ အောက်တိုဘာ ၂၆

ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်တွင် အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်က ရဟတ်ယာဥ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း တော်လှန်ရေး သတင်းရင်းမြစ်များနှင့် ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာလ ၂၆ ရက်နေ့ နံနက် ၇ နာရီခန့်တွင် နောင်ချိုမြို့အနီးရှိ သံဘိုရွာ ဘုန်းကြီးကျောင်း၌ တပ်ဆွဲထားသော အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်က ရဟတ်ယဥ်များဖြင့် လာရောက် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

” သံဘိုရွာ ဘုန်းကြီးကျောင်းမှာ တပ်ဆွဲထားတဲ့ စစ်ခွေးတွေနဲ့ တော်လှန်ရေး တပ်ဖွဲ့ဝင်တွေ တိုက်ပွဲ ဖြစ်ပွားရာကနေ ရဟတ်ယဥ်တွေနဲ့ပါ လာပစ်သွားတာ လက်ရှိတော့ ရဟတ်ယဥ်တွေ မရှိတော့ဘူး။ လက်နက်ကြီးတွေတော့ ပစ်နေတုန်းပဲ အခြေအနေ အသေးစိတ်တော့ မသိရသေးဘူး” ဟု တော်လှန်ရေး သတင်းရင်းမြစ်များက ပြောဆိုသည်။

လက်ရှိချိန်ထိ နောင်ချိုမြို့ အခြေစိုက် အကြမ်းဖက် စစ်တပ်၏ ခမရ ၁၁၅ တပ်ရင်းမှ လက်နက်ကြီးဖြင့် ပစ်ခတ်လျက်ရှိကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article