32 C
Yangon

နောင်ချိုမြို့နယ်၊ သံဘိုရွာ စစ်တပ် စခန်းကို TNLA နှင့်အတူ ပူးပေါင်း တိုက်ခိုက်နေဟု မန္တလေး PDF ပြော ၊ တိုက်ပွဲပြင်းထန်နေ

Must read

နောင်ချိုမြို့နယ်၊ သံဘိုရွာ စစ်တပ် စခန်းကို TNLA နှင့်အတူ ပူးပေါင်း တိုက်ခိုက်နေဟု မန္တလေး PDF ပြော ၊ တိုက်ပွဲပြင်းထန်နေ

ရန်ကုန်၊ အောက်တိုဘာ ၂၈

ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်၊ သံဘိုရွာရှိ အကြမ်းဖက် စစ်တပ် စခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်နေပြီး တိုက်ပွဲပြင်း ထန်နေကြောင်း PSLF/TNLA ၏ သတင်းထုတ်ပြန်ချက်နှင့် မန္တလေး PDF ၏ ပြန်ကြားရေးတာဝန်ခံ ကိုအော်စမွန်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အောက်တိုဘာလ ၂၈ ရက်နေ့ နံနက် ၆ နာရီ မှ စတင်ကာ နောင်ချိုမြို့နယ်၊ သံဘိုကျေးရွာရှိ အကြမ်းဖက် စစ်တပ် စခန်းအားကို တအာင်းတပ်မတော် PSLF ၊ TNLA + MDY PDF ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ၁၀၂၇ စစ်ဆင်ရေးအဖြစ် လုပ်ဆောင် နေခြင်းဖြစ်ပြီး အောက်တိုဘာလ ၂၆ ရက်နေ့ကလည်း နောင်ချိုမြို့နယ်၊ သံဘိုကျေးရွာ၊ နတ်စင်ကုန်းရှိ စစ်တပ် စခန်း ၁ ခုကို တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။

“နောင်ချိုမြို့နယ် သံဘိုကျေးရွာမှာ စကစနဲ့ TNLA နဲ့ MDY PDF ပူးပေါင်းတပ် တွေ တိုက်ပွဲဖြစ်​နေတာ ဟုတ်ပါတယ်” ဟု န္တလေး PDF ၏ ပြန်ကြားရေး တာဝန်ခံ ကိုအော်စမွန်က ရှင်းပြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article