ရန်ကုန်၊ မတ် ၂၅
မန္တလေးတိုင်း၊ ကျောက်ဆည်စက်မှုဇုန် (၁) နယ်မြေ ရဲစခန်းကို ယနေ့မတ်လ ၂၅ ရက် နံနက် ၃ နာရီခွဲတွင် ကျောက်ဆည်နဂါးနီပြောက်ကျားတပ်ဖွဲ့က ဝင်ရောက်ပစ်ခတ်ခဲ့ပြီး စခန်းတွင်းရှိ ရဲ ၁၂ ဦးကို သုတ်သင်နိုင်ခဲ့ကြောင်း နဂါးနီပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
ပစ်ခတ်ပြီးနောက် ပြောက်ကျားတပ်ဖွဲ့များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်းနှင့် ယခု ပစ်ခတ်တိုက်ခိုက်ခြင်းသည် စိတ်ကျန်းမာရေးချို့တဲ့နေသည့် ကလေးငယ် ၁ ဦးကို ရက်ရက်စက်စက် သတ်ဖြတ်ခံခဲ့ရခြင်းအတွက် သွေးကြွေးပြန်တောင်းခြင်းဖြစ်ကြောင်း ကျောက်ဆည်နဂါးနီအဖွဲ့က ဆိုသည်။