ရန်ကုန်၊ မတ် ၂၆
ကရင်ပြည်နယ်တွင် မင်းအောင်လှိုင် ခေါင်းဆောင်သော စစ်တပ်က အင်အားအလုံးအရင်း တိုးချဲ့၍ ကော့ကရိတ်-မြ၀တီလမ်းနှင့် မြ၀တီ-ဝေါ်လေ လမ်း အသုံး ပြုမှု မတ်လ ၂၇ ရက်နေ့မှစတင်ပြီး ယာယီရပ်ဆိုင်းရန် KNU အသိပေးထုတ်ပြန်လိုက်သည်။
စစ်ကောင်စီတပ်များသည် KNU ၏နယ်မြေမှ ထွက်ခွာသွားရန် ဆိုသော ထုတ်ပြန်ကြေညာချက်ကို အလေး မထားသည့်အပြင် တပ်အင်အားတိုးချဲ့လာနေကြောင်း၊ စစ်ကောင်စီ၏ အလေးမထားမှုကို နည်းမျိုးစုံဖြင့် တုန့်ပြန်ရတော့မည်ဖြစ်ကြောင်း KNU က အသိပေးထားသည်။
ထို့ကြောင့် ပြည်သူများအနေဖြင့် မတ်လ ၂၇ ရက်နေ့မှစတင်ပြီး ကော့ကရိတ်-မြ၀တီလမ်းမကြီး၊ မြ၀တီ-ဝေါ်လေ လမ်းမကြီးကို အသုံးပြု၍ ယာဉ်များဖြတ်သန်းသွားလာခြင်း၊ ကူးသန်းရောင်းဝယ်ခြင်းများကို ယာယီရပ်ဆိုင်းကြရန် အသိပေးထုတ်ပြန်ကြောင်း၊ အဆိုပါ ကြေညာချက်ကို ပြန်လည် ပယ်ဖျက်သည့် ထုတ်ပြန်ကြေညာချက် မထုတ်ပြန် မချင်း အတည်ဖြစ်ကြောင်း KNU က သတိပေးထုတ်ပြန်ထားသည်။
ဓာတ်ပုံ- မကြာသေးမီက ကော့ကရိတ်-မြ၀တီလမ်းတွင် စစ်အင်အား တိုးချဲ့လာသော အကြမ်းဖက်တပ်များ။