35 C
Yangon

KNU တပ်မဟာ ၅ နယ်မြေတွင် အောက်တိုဘာလအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများ၌ စစ်တပ်ဘက်မှ ၃၁ ဦးသေဆုံးပြီး တော်လှန်ရေး ရဲဘော် ၄ ဦးကျဆုံး

Must read

KNU တပ်မဟာ ၅ နယ်မြေတွင် အောက်တိုဘာလအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများ၌ စစ်တပ်ဘက်မှ ၃၁ ဦးသေဆုံးပြီး တော်လှန်ရေး ရဲဘော် ၄ ဦးကျဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၆

ကရင်ပြည်နယ်၊ KNU တပ်မဟာ ၅ နယ်မြေတွင် အောက်တိုဘာလအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများ၌ စစ်တပ်ဘက်မှ ၃၁ ဦးသေဆုံးခဲ့ကြောင်း KNU-မူတြော် ခရိုင်က ထုတ်ပြန်ထားသည်။

အောက်တိုဘာလ ၁ ရက်နေ့မှ ၃၁ ရက်နေ့အထိ မူတြော်ခရိုင်၊ တပ်မဟာ ၅ ထိန်းချုပ် နယ်မြေအတွင်း ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA နှင့် အကြမ်းဖက် စစ်တပ်၊ နယ်ခြားစောင့်တပ် (BGF) တို့အကြား တိုက်ပွဲ ၈၇ ကြိမ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါထိတွေ့ တိုက်ပွဲများအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ တပ်သား ၃၁ ဦးသေဆုံးပြီး ၅၁ ဦး ထိခိုက် ဒဏ်ရာရရှိကာ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) အမှတ် ၅ တပ်မဟာဘက်မှ တော်လှန်ရေး ရဲဘော် ၄ ဦး ကျဆုံးကာ ၆ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ်က အောက်တိုဘာလအတွင်း Jet-Fighter ဖြင့် ၂ ကြိမ်လာရောက် ပစ်ခတ်ခဲ့ပြီး အလေးချိန်ပေါင် ၅၀၀ ကျော်ရှိ ကလက်စ်တာဗုံး ၄ လုံး ပစ်ခတ်ခဲ့ကာ စက်လတ်သေနတ်များနှင့်လည်းပစ်ခတ်ခဲ့ကြောင်း၊ ထို့ပြင် မြေပြင် စစ်ဆင်မှု အနေဖြင့် ၁၂၀-မမ ၊ ၆၀-မမ လက်နက်ကြီးကျည် စုစုပေါင်း ၂၀ လုံးဖြင့် ပစ်ခတ်ခဲ့ပြီး အကြမ်းဖက် စစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦး ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article