ဆားလင်းကြီးတွင် ကျဆုံးရဲဘော်များအတွက် ဝမ်းနည်းခြင်း အခမ်းအနားနှင့် စစ်အာဏာရှင် ကျဆုံးရေး ဆန္ဒပြ
ရန်ကုန်၊ နိုဝင်ဘာလ ၇
ဆားလင်းကြီးမြို့နယ်၊ ကျေးရွာတစ်ရွာတွင် စစ်အကြမ်းဖက်စစ်တပ်၏ ရက်ရက်စက်စက် မီးရှို့သတ်ဖြတ်ခြင်း ခံခဲ့ရသည့် ရဲဘော်၁၀ဦး ကျဆုံးခြင်း ၁နှစ်နှင့် ၁၁လပြည့် ဝမ်းနည်းခြင်းအခမ်းအနား ကျင်းပခြင်းနှင့် စစ်အာဏာရှင်စနစ်ကျဆုံးရေး ဆန္ဒပြခဲ့ကြသည်။

