26 C
Yangon

နိုင်ငံရေးအကျဉ်းသားများက ထောင်ဝင်စာများ စုပေါင်း၍ ၁၀၂၇ စစ်ဆင်ရေးတွင် ပါဝင် တိုက်ပွဲဝင်နေသည့် BPLA တပ်ဖွဲ့ကို ငွေကျပ် ၆ သိန်း လှူဒါန်း

Must read

နိုင်ငံရေးအကျဉ်းသားများက ထောင်ဝင်စာများ စုပေါင်း၍ ၁၀၂၇ စစ်ဆင်ရေးတွင် ပါဝင် တိုက်ပွဲဝင်နေသည့် BPLA တပ်ဖွဲ့ကို ငွေကျပ် ၆ သိန်း လှူဒါန်း

ရန်ကုန်၊ နိုဝင်ဘာ ၇

အကြမ်းဖက် စစ်ကောင်စီ၏ မတရား ဖမ်းဆီးခြင်း ခံထားရသော နိုင်ငံရေး အကျဉ်းသားများက ထောင်ဝင်စာများ စုပေါင်း၍ ၁၀၂၇ စစ်ဆင်ရေးတွင် တိုက်ပွဲဝင်နေသည့် BPLA တပ်ဖွဲ့အတွက် ငွေကျပ် ၆၀၀၀၀၀ ကျပ် လှူဒါန်းပေးခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကိုယ်စား သွားရောက် လှူဒါန်းပေးခဲ့သူက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၆ ရက်နေ့တွင် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော် (BPLA) ကို သွားရောက် လှူဒါန်းပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“အဓိကက ရှေ့တန်းမှာ တိုက်ပွဲဝင်နေတဲ့ ရဲဘော်တွေ စိတ်ဓာတ်တက်ကြွစေဖို့ပါ။ နိုင်ငံရေးအကျဉ်းသားတွေကတောင် ဒီလို လှူဒါန်းတယ်ဆိုတဲ့ စိတ်ဓာတ်ခွန်အားပေးဖို့ပါ” ဟု နိုင်ငံရေး အကျဉ်းသားများကိုယ်စား BPLA တပ်ဖွဲ့ကို အလှူငွေ ပေးအပ်ခဲ့သူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။

အဆိုပါ အလှူငွေကို အကျဉ်းကျခံနေရဆဲ နိုင်ငံရေးအကျဉ်းသား ၃၀ ဦးက ၎င်းတို့ ရရှိသည့် ထောင်ဝင်စာများကို စုစည်း၍ လှူဒါန်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article