30 C
Yangon

စဥ့်ကူးမြို့နယ်ရှိ တရော်ပင်ရွာ၌ တပ်စွဲထားသော စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်၊ မတ္တရာတွင် စစ်ကား ၁ စီးကို မိုင်းဆွဲ တိုက်ခိုက်

Must read

စဥ့်ကူးမြို့နယ်ရှိ တရော်ပင်ရွာ၌ တပ်စွဲထားသော စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်၊ မတ္တရာတွင် စစ်ကား ၁ စီးကို မိုင်းဆွဲ တိုက်ခိုက်

ရန်ကုန်၊ နိုဝင်ဘာ ၇

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်ရှိ တရော်ပင်ရွာ၌ တပ်စွဲထားသော စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း မတ္တရာမြို့နယ် ပကဖ မဟာတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာလ ၁၆ ရက်နေ့တွင် စဥ့်ကူးမြို့နယ်၊ တရော်ပင်ရွာထဲတွင် အင်အား ၁၂၀ ခန့်အထိုင်ချ တပ်စွဲထားသည့် နေရာကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဗုံးသီး ၄ လုံးဖြင့် ကျဲချ တိုက်ခိုက်ခဲ့ပြီး စစ်သားများ ထိခိုက်သေဆုံးမှု ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မတ္တရာမြို့နယ် ပကဖ မဟာတပ်ဖွဲ့၊ မတ္တရာမြို့နယ် ပကဖ နှင့် တော်လှန်ရေး အင်အားစုများက ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်​ကြောင်း သိရသည်။

ထို့ပြင် မတ္တရာမြို့နယ် မြောက်ဘက်ရှိ ဆည်တော်ရွာကို လာရောက်သော စစ်ကား ၁ စီးကို အောက်တိုဘာလ ၂၀ ရက်နေ့က မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း မတ္တရာမြို့နယ် ပကဖ မဟာတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မိုင်းဆွဲ တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု ရှိမရှိကို အတည်မပြုနိုင်သေးဘဲ စစ်ကားမှာ နေရာ၌ ထိုးရပ်သွားကြောင်း​ သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မတ္တရာမြို့နယ် – ပ.က.ဖ – မဟာတပ်ဖွဲ့ နှင့် တိုက်နယ် ၃ အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်​ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article