29 C
Yangon

ရွှေကျင်မြို့နယ်ရှိ ဂွေးကုန်းရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု နေအိမ် ၄ လုံးပျက်စီး၊ ဘားအံမြို့နယ်တွင် BGF တပ်ခွဲမှူးက စေတီ သိမ်တင်ရန်ဟုဆိုကာ ငွေကျပ် ၁၉၄ သိန်း အဓမ္မ တောင်းရမ်းသွား

Must read

ရွှေကျင်မြို့နယ်ရှိ ဂွေးကုန်းရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု နေအိမ် ၄ လုံးပျက်စီး၊ ဘားအံမြို့နယ်တွင် BGF တပ်ခွဲမှူးက စေတီ သိမ်တင်ရန်ဟုဆိုကာ ငွေကျပ် ၁၉၄ သိန်း အဓမ္မ တောင်းရမ်းသွား

ရန်ကုန်၊ နိုဝင်ဘာ ၉

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်ရှိ ဂွေးကုန်းရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် နေအိမ် ၄ လုံးပျက်စီးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

နိုဝင်ဘာလ ၈ ရက်နေ့တွင် ရွှေကျင်မြို့နယ်၊ ပုဇွန်မြောင်း၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်၏ ခမရ-၂၀ တပ်ရင်းက ဟောင်ဝစ်ဇာ ၁၂၂ မမ လက်နက်ကြီးများဖြင့် ပြည်သူများ နေထိုင်ရာ ကျေးရွာများ အတွင်း ပစ်ခတ်ခဲ့သောကြောင့် ဂွေးကုန်းကျေးရွာ အတွင်း ကျရောက် ပေါက်ကွဲခဲ့ရာ ပြည်သူပိုင် နေအိမ် ၄ လုံး ထိခိုက် ပျက်စီးခဲ့ကြောင်း သိရသည်။

ထို့ပြင် ဘားအံမြို့နယ်တွင် BGF တပ်ခွဲမှူးက စေတီ သိမ်တင်ရန်ဟုဆိုကာ ငွေကျပ် ၁၉၄ သိန်း အဓမ္မ တောင်းရမ်းသွားကြောင်း KNU ဗဟိုထံမှ သိရသည်။

နိုဝင်ဘာလ ၃ ရက်နေ့ နံနက် ၉ နာရီခန့်တွင် အကြမ်းဖက် စစ်တပ် လက်အောက်ခံ BGF-1014 တပ်ရင်း လက်အောက်ခံ မိတ္ထီလာတပ်စခန်း တပ်ခွဲမှူး-ဗိုလ်တင်ဝင်းက ဝဲပျံကျေးနယ် နှင့် တကောင်ဘိုးကျေးနယ်ရှိ ရွာလူကြီးများထံကို မိတ္ထီလာ စခန်းတွင် ခေါ်ယူတွေ့ဆုံကာ စခန်းအတွင်းရှိ စေတီတော်ကို သိမ်တင်ဖို့ရန်အတွက် ငွေကြေး အတင်း အဓမ္မတောင်းရမ်းရယူသွားကြောင်း သိရှိရသည်။

ငွေကြေး အဓမ္မတောင်းရမ်းခြင်းခံခဲ့ရသော ကျေးရွာများမှာ ဝဲပျံကျေးနယ်အုပ်စုရှိ ဝဲပျံရွာ ၁၃ သိန်း၊ ပေပင်ဆိပ်ရွာ ၁၃ သိန်း၊ ဘုရားဆိပ်ရွာ ၅ သိန်း၊ မိတ္ထီလာရွာ ၅ သိန်း၊ မီးဇိုင်းရွာ ၁၃ သိန်း၊ ဖားဘော်ရွာ ၁၃ သိန်း၊ မီးဇိုင်းတောင်ခြေရွာ ၅ သိန်း၊ တုက်ကြီးရွာ ၁၃ သိန်း၊ တကောင်ဘိုး ကျေးနယ်အုပ်စုရှိ တကောင်ဘိုးရွာ ၁၃ သိန်း၊ ကုန်းတန်းကြီးရွာ ၁၃ သိန်း၊မီးပုံးရွာ ၇ သိန်း၊ ဘောသပြုရွာ ၁၃ သိန်း၊ ဂျိုးပင်ဆိပ်ရွာ ၇ သိန်း၊ နိုးကွားရွာ ၁၀ သိန်း၊ မဲလံရွာ ၆ သိန်း၊ မဲလံချောင်းဝရွာ ၄ သိန်း၊ ထီးဖိုးနက်ရွာ ၅ သိန်း၊ နော်သရေးရွာ ၆ သိန်း၊ ကွီးသခေ့ါရွာ ၂ သိန်း၊ လာခဲ့ခေါ်ရွာ ၅ သိန်း၊ စိမ့်ချောင်းရွာ ၅ သိန်း၊ လက်ပံတန်းရွာ ၅ သိန်း၊ ဝဲပျံချောင်းဝရွာ ၇ သိန်း၊ မြိုင်ရွာ ၆ သိန်း စုစုပေါင်းတစ်ရာကိုးဆယ့်လေးသိန်း (၁၉,၄၀၀,၀၀၀) ကျပ်ကို အဓမ္မ တောင်းရမ်း ယူဆောင်သွားခြင်းဖြစ်ကြောင်း သိရသည်။

ဒေသ ပြည်သူများသည် စားဝတ်နေရေးခက်ခဲနေသည့်အပြင် စိုးရိမ်ထိပ်လန့်မှုများစွာဖြင့်ရှင်သန်နေရကာ ၎င်းတို့၏ မတရား ဖိနှိပ်နိုင်ထက်စီးနင်း ငွေကြေးတောင်းရမ်းမှုများ မကြာခဏ ပြုလုပ်ခြင်းခံနေရသည်ဟု ကေအဲန်ယူ-ဖားအံမြို့နယ် သတင်းတာဝန်ခံထံမှ သိရကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article