စစ်အာဏာရှင်စနစ် အမြစ်ဖြတ် ဖယ်ရှားနိုင်ရေးနှင့် အဖိနှိပ်ခံ တိုင်းရင်းသားများ လွတ်မြောက်ရေး အတွက် ၁၀၂၇ စစ်ဆင်ရေး အပါအဝင် စစ်ဆင်ရေးကြီးများ ဖော်ဆောင် နေကြောင်း NUG သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော် ပြောဆို
ရန်ကုန်၊ နိုဝင်ဘာ ၉
ရှမ်းပြည်နယ် မြောက်ပိုင်းတွင် စတင် ဆင်နွှဲနေသော စစ်ဆင်ရေးသည် အဖိနှိပ်ခံတိုင်းရင်းသားများ လွတ် မြောက်ရေးနှင့် စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ် ဖယ်ရှားနိုင်ရေး အတွက် ၁၀၂၇ စစ် ဆင်ရေး အပါအဝင် စစ်ဆင်ရေးကြီးများကို ဖော်ဆောင် နေခြင်းဖြစ်ကြောင်း NUG သမ္မတရုံး ပြောရေး ဆိုခွင့်ရှိသူ ဦးကျော်ဇော်က ပြောဆိုသည်။
နိုဝင်ဘာလ ၈ ရက် နေ့တွင် အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီမြို့တော် အခြေစိုက် Stimson Center သုတေသနအဖွဲ့အစည်းက ကမကထပြုလုပ်ကာ စီစဉ်သည့် “Operation 1027: Implications for the Military Junta in Myanmar” ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော် ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ဆွေးဆွေးပွဲတွင် လက်ရှိတွင် ညီနောင်တိုင်းရင်းသားမဟာမိတ်တပ်ဖွဲ့များဖြစ်သည့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် ရက္ခိုင့် တပ်တော် (AA) တပ်ဖွဲ့များအပါအဝင် ပူးပေါင်းတပ်ဖွဲ့များ ဆင်နွှဲနေသည့် ၁၀၂၇ စစ်ဆင်ရေး၏ ထူးခြား မှုနှင့် ဖြစ်ပေါ်တိုးတက်မှုများကို ပါဝင်သူများက ဆွေးနွေးခဲ့ကြကြောင်း သိရ သည်။
၁၀၂၇ စစ်ဆင်ရေးသည် သမားရိုးကျ စစ်ဆင်ရေးတခုမဟုတ်ပဲ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေးဆို သည့် နိုင်ငံရေးရည်မှန်းချက်ပါရှိသည်ကို ညီနောင်မဟာမိတ်သုံးဖွဲ့၏ ထုတ်ပြန်ချက်တွင် ရှင်းလင်းစွာ ဖော်ပြထားကြောင်း၊ အဖိနှိပ်ခံတိုင်းရင်းသားများ လွတ်မြောက်ရေးနှင့် စစ်အာဏာရှင်စနစ်ကို အမြစ် ဖြတ် ဖယ်ရှားနိုင်ရေး အတွက် ၁၀၂၇ စစ်ဆင်ရေးအပါအဝင် အခြားစစ်ဆင်ရေးကြီးများကို ဖော်ဆောင် နေခြင်းဖြစ်သည်ဟု NUG သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ပြောကြားခဲ့ကြောင်း သိရ သည်။
ထို့ပြင် ၁၀၂၇ စစ်ဆင်ရေးသည် လူမျိုးစုများကြား ညီညွတ်ရေးအင်အားကို အထင်အရှား ပြသခြင်း ဖြစ်သလို အကြမ်းဖက်စစ်ကောင်စီ၏ အင်အားချိနဲ့မှုကိုလည်း ဖွင့်ချလိုက်ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက် စစ်ကောင်စီက အကြမ်းဖက်လုပ်ရပ်များနှင့် တည်ငြိမ်မှု ကင်းမဲ့စေသည့် အခြေအနေများကို ပိုမိုဖန်တီး ပြီး ဖမ်းဆီးသတ်ဖြတ်မှုများကို ဆက်တိုက်ကျူးလွန်နေချိန်တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ခုခံတွန်းလှန်ရေးတပ်ဖွဲ့များက အဆိုပါ ဆိုးရွားသည့် အခြေအနေများ အဆုံးသတ်သွားစေရန် တိုး မြှင့် လုပ်ဆောင်နေသည်ဟု ဆက်လက်ပြောကြားခဲ့ကြောင်း သိရသည်။
လူသားစာနာမှုအထောက်အကူရရှိရေး၊ ပူးပေါင်းပါဝင်မှု အားကောင်းသော အင်စတီကျူးရှင်းများ တည် ထောင်ရေးနှင့် စစ်အာဏာရှင်အလွန် အသွင်ကူးပြောင်းရေးကာလအတွက် မြန်မာနိုင်ငံအနေဖြင့် အကူ အညီ များ လိုအပ်ကြောင်း၊ တရားမျှတမှု၊ တန်းတူညီမျှမှု၊ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် တည်ငြိမ်မှုတို့ကို အာမခံသည့် ငြိမ်းချမ်းသော မြန်မာနိုင်ငံတော်သစ် တည်ထောင်ရေးအတွက် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) သည် တိုင်းရင်းသားလူမျိုးစုမဟာမိတ်များ၊ မြန်မာ့အိမ်နီးချင်းများနှင့် ပိုမိုတိုးတက် ကောင်းမွန်သော ဆက်ဆံရေးများ တည်ဆောက်သွားရန် အခိုင်အမာ သန္နိဋ္ဌာန်ချထားကြောင်း သိရ သည်။
ယင်းဆွေးနွေးပွဲတွင် NUG သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်၊ အမေရိကန်ငြိမ်းချမ်းရေး အင် စတီကျူ (USIP) ၏ အကြီးတန်းအကြံပေးပုဂ္ဂိုလ် Priscilla Clapp ၊ နိုင်ငံရေးလေ့လာသုံးသပ်သူ ကိုကျော်ဆန်းလှိုင်တို့ ပါဝင်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။