27 C
Yangon

ထီးချိုင့်မြို့သိမ်း တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ ပစ်ခတ်ခြင်းကြောင့် ဘုန်းကြီး ၁ ပါးနှင့် ပြည်သူ ၃ ဦး သေဆုံး

Must read

ထီးချိုင့်မြို့သိမ်း တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ ပစ်ခတ်ခြင်းကြောင့် ဘုန်းကြီး ၁ ပါးနှင့် ပြည်သူ ၃ ဦး သေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၉

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့သိမ်း တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ ပစ်ခတ်ခြင်းကြောင့် ဘုန်းကြီး ၁ ပါးနှင့် ပြည်သူ ၃ ဦး သေဆုံးခဲ့ကြောင်း တော်လှန်ရေး သတင်းရင်းမြစ်များနှင့် ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၈ ရက်နေ့က စတင်ကာ ထီးချိုင့်မြို့ပေါ်ရှိ စစ်တပ် စခန်းများကို တော်လှန်ရေး တပ်ဖွဲ့များက တစ်ပြိုင်တည်း ဝင်ရောက် တိုက်ခိုက်ကာ မြို့သိမ်း တိုက်ပွဲ ဆင်နွှဲခဲ့ပြီး ယနေ့ နိုဝင်ဘာလ ၉ ရက်နေ့၌ တိုက်ပွဲများ ပိုမိုပြင်းထန်လျက်ရှိကြောင်း သိရသည်။

ယနေ့ ဖြစ်ပွားလျက်ရှိသော ထိတွေ့ တိုက်ပွဲများအတွင်း အကြမ်း ဖက်စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး သံဃာတော် ၁ ပါး ၊ မြို့ပေါ်နေ ပြည်သူ ၂ ဦး နှင့် တောမရွာနေ ပြည်သူ ၁ ဦး တို့ သေဆုံးခဲ့ကြောင်း သိရှိရသည်။

“မြတောင် တောင်ပေါ်ကျောင်းမှာ အထိုင်ချပြီး မြို့ဘက်ကို ပစ်နေတာ။ နေ့လယ်ကတည်းကလို့ သိထားပါတယ်။ ဒီနေ့အတွက်က မြို့ပေါ်က လူကြီးပိုင်း ၂ ဦးသေဆုံးတာပါ ဘုန်းကြီး ၁ ပါလည်း သေဆုံးတယ်။ ဒဏ်ရာရသူရှိသလို အတိအကျကိုတော့ မသိရသေးပါ။ မရသိမ် တောမဘက်မှာလည်း လေကြောင်းနဲ့ ပစ်ခတ် ဗုံးကျဲတာတွေရှိတယ်။ သေဆုံးမှုကို အတည်မပြုနိုင်သေးပါ” ဟု ထီးချိုင့် ပြည်သူ့ကာကွယ်ရေးမှ တာဝန်ရှိသူမှ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အကြမ်းဖက် စစ်တပ်သည် နိုဝင်ဘာ ၈ ရက်နေ့ကလည်း ထီးချိုင့်မြို့ပေါ်ကို ဂျက်ဖိုက်တာ ၃ စီးဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ သံဃာတော်အချို့နှင့် ပြည်သူ အချို့ ထိခိုက်သေဆုံးမှု ရှိနိုင်ကြောင်း၊ အကြမ်းဖက် စစ်တပ်က တောမရွာဘက်ကိုလည်း တိုက်ပွဲမရှိဘဲ လေယာဉ်နှင့် အကြောင်းမဲ့ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

” တောမက ကောင်မလေးထိတာလည်း ဟုတ်တယ် ဒီနေ့ ထိတာ ။ မရသိမ်ရွာနဲ့ တောမရွာဆိုတာ ရွာချင်း ကပ်ကပ်လေး။ မြို့ပေါ်က အမှတ် ၁ ရပ်ကွက် ရွှေဂူတောင်ခြေနားက ဟင်းပေါင်းရောင်းတဲ့ မချောစု၊ နောက်တစ်ယောက် သေတဲ့ဟာက ကိုဖိုးတုတ်ရဲ့သား။ တောမရွာဆိုတာက ထီးချိုင့် အနောက်တောင်ဘက်ကို ၈ မိုင်ကျော်လောက် ဝေးတယ်။ အဲဒီနေရာက ဘာတိုက်ပွဲမှ မရှိဘဲ လေယာဉ်နဲ့ ဆော်သွားတာ” ဟု ဒေသပြည်သူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။

လက်ရှိအချိန်တွင် တကောင်း – ထီးချိုင့် – အင်းတော် လမ်းပိုင်းကို လုံခြုံရေး အခြေအနေအရ ခေတ္တပိတ်ထားမည်ဖြစ်ကြောင်း ၊ မကြာမီကာလအတွင်း ထီးချိုင့်မြို့မှာ ပြည်သူများ၏ ထိန်းချုပ်မှုအောက်တွင် ပြန်လည်ရောက်ရှိမည်ဖြစ်ကြောင်း ထီးချိုင့် – ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article