28 C
Yangon

ကောလင်းမြို့ကို စစ်ကြောင်းထိုးရန် လာသည့် အင်အား ၂၀၀ ကျော်ပါ စစ်ကြောင်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၈၀ ကျော်သေဆုံးပြီး သေနတ် ၅၉ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း NUG ကာကွယ်ရေး ဝန်ကြီးဌာန ထုတ်ပြန်

Must read

ကောလင်းမြို့ကို စစ်ကြောင်းထိုးရန် လာသည့် အင်အား ၂၀၀ ကျော်ပါ စစ်ကြောင်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၈၀ ကျော်သေဆုံးပြီး သေနတ် ၅၉ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း NUG ကာကွယ်ရေး ဝန်ကြီးဌာန ထုတ်ပြန်

ရန်ကုန်၊ နိုဝင်ဘာ ၁၀

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ကို စစ်ကြောင်းထိုးရန် လာသည့် အကြမ်းဖက် စစ်တပ်၏ အင်အား ၂၀၀ ကျော်ပါ စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၈၀ ကျော်သေဆုံးပြီး သေနတ် ၅၉ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း NUG ကာကွယ်ရေး ဝန်ကြီးဌာန အတည်ပြု ထုတ်ပြန်ထားသည်။

နိုဝင်ဘာလ ၈ ရက်တွင် ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်မှ ကောလင်းမြို့ ဘက်ကို စစ်ကြောင်းထိုးရန် ထွက်လာသည့် ရန်သူ့အင်အား ၂၀၀ ကျော်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို နိုဝင်ဘာလ ၁၀ ရက်နေ့ နံနက် ၈ နာရီ ၄၀ မိနစ်တွင် ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF)၊ အမှတ် (၁) စစ်ဒေသ ကွပ်ကဲမှုဖြင့် ကန့်ဘလူခရိုင် အမှတ် (၂) တပ်ရင်း၊ ခရိုင် ပကဖ လှုပ်ရှားရေးအဖွဲ့နှင့် မြို့နယ်/နယ်မြေခံ ပကဖ အဖွဲ့များက ပူးပေါင်း တိုက်ခိုက်ရာ ကန့်ဘလူမြို့နယ်၊ အလယ်ခုံ ကျေးရွာ အနောက်မြောက်ဘက်တွင် တိုက်ခိုက်ချေမှုန်းနိုင်ခဲ့ပြီး စစ်တပ်ဘက်မှ ၈၀ ဦးကျော်ခန့် သေဆုံးခဲ့ပြီး ၂၀ ဦး ဝန်းကျင် ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ထံမှ လက်နက်မျိုးစုံ ၅၉ လက်နှင့် ခဲယမ်း အမြောက်အမြား သိမ်းဆည်းရရှိ ခဲ့ကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာက ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article