28 C
Yangon

မင်းကင်း၊ ကျော်ရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးတပ်ဖွဲ့များ ဝင်တိုက်၊ စစ်သား ၇ ဦးသေ ၅ ဦး ဒဏ်ရာရ

Must read

ရန်ကုန်၊ မတ် ၂၆

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ တောင်တွင်းဒေသ ကျော်ရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ကို ယနေ့ မတ်လ ၂၆ ရက် နံနက်တွင် တောင်တွင်း PDF နှင့် မဟာမိတ်တပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်သား ၇ ဦး သေဆုံးကာ ၅ ဦး ဒဏ်ရာရကြောင်း သတင်းရရှိသည်။

တိုက်ပွဲသည် နံနက် ၆ နာရီမှ ၉ နာရီခွဲအထိ ကြာမြင့်ခဲ့ကြောင်း၊ စစ်သား ၇ ဦးသေဆုံးကာ စနိုက်ဘာထိပြီး ၅ ဦးခန့် ဒဏ်ရာရကြောာင်း၊ မဟာမိတ်တပ်ပေါင်းစုတပ်ဖွဲ့က ထိခိုက်မှုမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြောင်း တောင်တွင်း PDF က သတင်းထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့သည် ကျော်ရွာတွင် တပ်စွဲထားကာ ပျူစောထီးသင်တန်းပေးရန် ကြိုးစားနေသည့်အတွက် မတ်လ ၂၃ ရက်တွင်လည်း ဒေသကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့သေးသည်။

တိုက်ပွဲများ ထပ်မံဖြစ်ပွားနိုင်ပြီး တောင်တွင်း-ကလေးဝ ကားလမ်းကို အသုံးမပြုကြရန် ပြည်သူများကို တောင်တွင်း PDF က အသိပေးထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article