21 C
Yangon

မင်းရွာရဲစခန်းမှ ထွက်ပြေးလာသည့် စစ်သား ၁ ဦး ဖမ်းဆီးရမိ၊ ပေါင်းတည်တွင် ကင်းလှည့်နေသည့် စစ်ယာဥ်တန်းကို မိုင်းခွဲ တိုက်ခိုက်

Must read

မင်းရွာရဲစခန်းမှ ထွက်ပြေးလာသည့် စစ်သား ၁ ဦး ဖမ်းဆီးရမိ၊ ပေါင်းတည်တွင် ကင်းလှည့်နေသည့် စစ်ယာဥ်တန်းကို မိုင်းခွဲ တိုက်ခိုက်

ရန်ကုန်၊ နိုဝင်ဘာ ၁၃

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်တွင် မင်းရွာရဲစခန်းမှ ထွက်ပြေးလာသည့် စစ်သား ၁ ဦးကို ဖမ်းဆီးရရှိခဲ့ ကြောင်း ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -YPDF ထံမှ သိသည်။

နိုဝင်ဘာလ ၁၁ ရက် နံနက်ပိုင်းက တောထဲတွင် မသင်္ကာဖွယ်ရာ လူတစ်ဦးရောက်ရှိနေကြောင်း ပြည်သူ များ၏ သတင်းပေးချက်အရ သွားရောက်ရှာဖွေဖမ်းဆီးရာ အသာတကြည် အဖမ်းမခံသဖြင့် ခြောက်လှန့် ပစ်ခတ်ဖမ်းဆီးခဲ့ရကြောင်း၊ ၎င်းကို စစ်ဆေးမေးမြန်းရာ မင်းရွာရဲစခန်း မသိမ်းပိုက်မီ အုပ်စုလိုက်ထွက် ပြေးသူ ၇ ဦးမှ တစ်ဦးဖြစ်ကြောင်း သိရသည်။

ဂန့်ဂေါမြို့နယ်၊ မင်းရွာ ရဲစခန်းမသိမ်းပိုက်မီက ရဲ ၄ ဦး ၊ စစ်သား ၃ ဦးကို အုပ်စုလိုက်ထွက်ပြေး လာ ကြပြီး ကျန်စစ်သား၊ ရဲများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဖမ်းဆီးရရှိပြီးဖြစ်ကြောင်း၊ ၎င်း တစ်ဦးတည်း ကွဲကျန်နေရစ်ခဲ့ခြင်းဖြစ်ကာ ပါရှိလာသည် လက်နက်နှင့်ခဲယမ်းများကို မြစ်ထဲပစ်ချထား ခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရရှိသူ စစ်သားမှာ ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ် ဇာတိဖြစ်ပြီး မိသားစုကြွေးတင်နေစဉ် စုဆောင်း ရေးမှ စစ်ထဲလိုက်ပါက ကြွေးဆပ်ပေးမည်ဟု ပြောဆိုသဖြင့် လိုက်ပါခဲခြင်းဖြစ်ကြောင်း၊ ၎င်းကို လိုအပ် သည့် စစ်ဆေးမှုများပြုလုပ်ပြီး ဂန့်ဂေါခရိုင်တပ်ရင်းသို့ နိုဝင်ဘာလ ၁၁ ရက် ညနေပိုင်းတွင် အပ်နှံခဲ့ပြီး ဖြစ်ကြောင်း ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – YPDF က ထုတ်ပြန်ထားသည်။

ထို့ပြင် ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြိုနယ်၊ ခေမံ‌ ကျေးရွာအုပ်စု၊ ခေမံရွာနှင့် စမ်းရင်ကုန်း ရွာ အကြားတွင် လှည့်ကင်းထွက်လာသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူး နှင့် ပျူ စောထီးများ မိုင်းခွဲတိုက်ခိုက်ခဲ့ရာ ၃ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း Bago Region PDF ထံမှ သိရသည်။

ယမန်နေ့ နိုဝင်ဘာလ ၁၂ ရက် နံနက် ၁၀ နာရီခွဲခန့်က အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ကျေး ရွာအုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးများ လိုက်ပါစီးနင်းလာသော ဆိုင်ကယ် ၄ စီးကို နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် မိုင်း ၂ လုံးဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဦး၊ အုပ် ချုပ် ရေးမှူးတစ်ဦးနှင့် ပျူစောထီး ၁ ဦးတို့ အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထိခိုက်ဒဏ်ရာရရှိသူ ၃ ဦးကို Light Truck ကားဖြင့် တင်ဆောင်ကာ ပေါင်းတည်မြို့ဘက်သို့ သယ်ဆောင်သွားပြီး သေဆုံးမှုရှိ၊ မရှိသိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၁ (ပေါင်းတည်မြိုနယ်ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ PPDF)၊ တပ်ခွဲ ၂ နှင့် တပ်ခွဲ ၄ တို့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအ ခိုက်မရှိ အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ကြောင်း သိရသည်။

တစ်နိုင်ငံလုံး စစ်ရေးအရှိန် အချိန်၊ နေရာမရွေး မြှင့်တက်လာပြီဖြစ်ဖြင့် အကြမ်းဖက်စစ်‌ကောင်စီ၏ တပ်ဖွဲ့ ဝင်များ၊ ၎င်းတို၏ ထောက်တိုင် ရဲတပ်ဖွဲ့၊ ပျူစောထီးများနှင့် အတူတကွ ယှဉ်တွဲနေထိုင်ခြင်း၊ အနီးကပ် သွားလာခြင်းမျိုး မပြု လုပ်ကြရန်နှင့် ၎င်းတို၏ လှုပ်ရှားသွားလာမှုများကို တော်လှန်ရေးတပ်ဖွဲ့ များထံ အချိန်နှင့်တပြေးညီ တိကျမှန်ကန်စွာ သတင်းပေးပို့ကြပါရန် မေတ္တာရပ်ခံထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article