၁၀၂၇ စစ်ဆင်ရေး စတင်ချိန်မှစ၍ စစ်ကောင်စီလက်အောက်မှ ဗိုလ်ကြီး ၄ ဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၄ ဦး လက်နက်တချို့ပါ ယူဆောင်လျက် ပြည်သူ့ရင်ခွင်ထံ ခိုလှုံ
ရန်ကုန်၊ နိုဝင်ဘာ ၂၁
၁၀၂၇ စစ်ဆင်ရေးစတင်သည့် ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့မှ စတင်၍ ယနေ့အချိန်အထိ “ပြည်သူ့ရင်ခွင်ခိုလှုံရေးအစီအစဉ်အကောင်အထည်ဖော်မှုကော်မတီ” သို့ ဆက်သွယ်ပြီး ခိုလှုံလာသော တပ်/ရဲ ဦးရေ (၃၄) ဦးရှိသည့်အနက် ၂၂ ဦးကို လုံခြုံရာသို့ ပို့ဆောင်ပြီးဖြစ်ကာ ၁၂ ဦးအတွက် စီစဉ် ဆောင်ရွက်ဆဲ ဖြစ်ကြောင်း NUG က ပြောသည်။
အဆိုပါ ၃၄ ဦးတွင် ဗိုလ်ကြီး ၄ ဦး၊ အရာရှိ ၁ ဦး၊ တပ်ကြပ်ကြီး၄ ဦး၊ တပ်ကြပ် ၂ ဦး၊ ဒုတပ်ကြပ် ၂ ဦး၊ ရဲဘော် ၁၉ ဦး၊ ရထားရဲ ၂ ဦးတို့ပါဝင်ကြောင်း၊ လက်နက်ခဲယမ်းအနေဖြင့် MA-1 ၃ လက်၊ ၉မမ ပစ္စတို ၂ လက်၊ MA-4 ၁ လက်၊ ၄၀ မမ ဗုံးသီး ၅ လုံး၊ လက်ပစ်ဗုံး ၈ လုံးနှင့် ၅.၅၆ နှင့် ၇.၆၂ ကျည် ၁,၀၀၀ နီး ပါး ပါဝင်ကြောင်း သိရသည်။
အကြမ်းဖက်စစ်ကောင်စီလက်အောက်မှ ထွက်ခွာလာနိုင်သေးခြင်းမရှိပဲ Pre CDM(ဖရဲသီး) အဖြစ် အ တွင်းမှနေ၍ သတင်းအချက်အလက်များ ပေးပို့ပူးပေါင်းလာသူများ ၆ ဦး ထပ်တိုး ပူးပေါင်းလာမှုရှိ ကြောင်း NUG ပြည်သူ့ရင်ခွင်ခိုလှုံရေးအစီအစဉ်အကောင်အထည်ဖော်မှုကော်မတီ က ထုတ်ပြန်ထား သည်။
အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် တိုင်းရင်းသားပြည်သူလူထုတရပ်လုံး၏ ရည်မှန်းရာပန်းတိုင် ဖြစ်သည့် စစ်အာဏာရှင်စနစ်အမြစ်ဖြတ်ဖယ်ရှားရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် တည် ထောင်နိုင်ရေး အတွက် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများ အားလုံးနှင့် ပူးပေါင်းကာ ပြည်သူ့ နွေဦး တော်လှန်ရေးကို ဖြစ်နိုင်သမျှ နည်းနာအစုံအလင်ဖြင့် ကျင့်သုံး၊ ဖော်ဆောင်၊ ဆင်နွှဲလျက်ရှိပါ ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် သွေးမြေကျမှုနည်းနိုင်သမျှ အနည်းဆုံး ဖြစ်ရေးကို ဦးတည်လျက် “ပြည်သူ့ရင် ခွင်ခို လှုံရေး အစီအစဉ် အကောင်အထည်ဖော်မှု ကော်မတီ” ကို ဖွဲ့စည်းပြီး အကြမ်းဖက်စစ်အာဏာရှင် လက်အောက်မှ ရုန်းထွက်ကာ ပြည်သူလူထုနှင့် ဓမ္မဘက်ရပ်တည်လာသည့် တပ်မတော်သားနှင့် ရဲတပ် ဖွဲ့ ဝင်များကို ကူညီပံ့ပိုးပေးလျက်ရှိရာ လက်ရှိအချိန်အထိ တပ်မတော်သားနှင့် ရဲတပ်ဖွဲ့ဝင် ၁၄,၀၀၀ ဦး ကျော်အား ကူညီဆောင်ရွက် ပံ့ပိုးပေးထားကြောင်း သိရသည်။
ဓာတ်ပုံ- ယခု နိုဝင်ဘာလအတွင်း လောက်ကိုင်တွင် MNDAA ထံ တပ်ရင်းအလိုက် အလင်းဝင်ခဲ့သည့် ခလရ ၁၂၉ မှ တပ်မိသားစုဝင်များကို ဘေးကင်းရာ ပို့ဆောင်နေစဉ်။