Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၂၂ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ နိုဝင်ဘာ ၂၂ ရက် မနက်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
-ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်မှာ စစ်တပ်က လူသားဒိုင်းအဖြစ် ဓားစာခံဖမ်းဆီးထားတဲ့ သံဃာတော် တွေအပါအဝင် ရခိုင်ပြည်သူ ၁၀၀ နီးပါးကို AA က ကယ်ထုတ်ခဲ့တယ်လို့ AA က တရားဝင် ထုတ်ပြန်ပါတယ်။
– စစ်ကိုင်းတိုင်း၊ရွှေဘိုမြို့နယ်၊ ဘုန်းဘွဲ့ကျေးရွာအနီးမှာ အကြမ်းဖက်စစ်ကောင်စီကားတွေကို အကြိမ်ကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၇ ဦးသေပြီး ၈ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့တယ်လို့ စိုင်နိုင်တိုက်နယ် (သိဒ္ဓိရှင်) ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ပကဖတာဝန်ခံ ဗိုလ်သိဒ္ဓိက ပြောပါတယ်။
– စစ်ကိုင်းတိုင်း ၊မြောင်မြို့နယ်၊ ဧရာဝတီမြစ်ကမ်းဘေးကျေးရွာတွေကို အကြမ်းဖက်စစ်တပ်က ၄ ရက်ဆက်တိုက် လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် ဒေသခံပြည်သူ ၁ooo ကျော်အရေးပေါ် တိမ်းရှောင်နေရတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။