29 C
Yangon

ကော့ကရိတ်မြို့ပေါ် တိုက်ပွဲတွင် စစ်တပ်၏ ပစ်ခတ်မှုများကြောင့် ပြည်သူ ၅ ဦးထက်မနည်းသေဆုံး၊ ဒဏ်ရာရရှိသူများရှိသော်လည်း ကယ်ဆယ်ရေးနှင့်ဆေးကုသရေး မလုပ်နိုင်

Must read

ကော့ကရိတ်မြို့ပေါ် တိုက်ပွဲတွင် စစ်တပ်၏ ပစ်ခတ်မှုများကြောင့် ပြည်သူ ၅ ဦးထက်မနည်းသေဆုံး၊ ဒဏ်ရာရရှိသူများရှိသော်လည်း ကယ်ဆယ်ရေးနှင့်ဆေးကုသရေး မလုပ်နိုင်

ရန်ကုန်၊ ဒီဇင်ဘာ ၁

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်နှင့်မြို့ပြင်ဘက်တွင် KNLA ဦးဆောင်သော မဟာမိတ် တော်လှန်ရေးတပ်များနှင့် အကြမ်းဖက်စစ်ကောင်စီတပ်များအကြား တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေပြီး စစ်တပ်၏ ပစ်ခတ်မှုများကြောင့် ပြည်သူ ၅ ဦးထက်မနည်းသေဆုံးကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။

ဒီဇင်ဘာလ ၁ ရက်နေ့ နံနက် ၄ နာရီအချိန်မှစတင်၍ ကော့ကရိတ်မြို့နှင့် မြို့ပြင်တွင် တိုက်ပွဲများ စတင်ခြင်းဖြစ်ကြောင်း၊ KNLA ဦးဆောင်သော ပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်ပြီး စစ်တပ်က လက်နက်ကြီးများ၊ ရဟတ်ယာဉ်နှင့်တိုက်လေ ယာဉ်များဖြင့်ပါ ပစ်ခတ်ကြောင်း၊ ထိုသို့ ပစ်ခတ်မှုကြောင့် ပြည်သူများ ထိခိုက်သေဆုံးမှုရှိပြီး ဒဏ်ရာရရှိသူများလည်းရှိကြောင်း၊ မြ၀တီ-ကော့ကရိတ် အာရှလမ်းမကြီးလည်း ပိတ်ဆို့နေပြီး ကယ်ဆယ်ရေးလည်း လုပ်ဆောင်နိုင်ခြင်းမရှိကြောင်း သိရှိရသည်။

“ကားသမား တချို့ကျည်ထိပြီး သေဆုံးတာရှိတယ်။ နောက်တစ်ခါ တံတားဦးပလီဘက်မှာ စစ်တပ်ဘက်ပစ်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး မိသားစု တစ်စု စုစုပေါင်း ၄ ဦးလောက် သေဆုံးတာရှိတယ်။ အဲဒါက မနက် ၁၀ ခွဲလောက်မှာဖြစ်တာ။ နောက်တစ်ခါ မြို့ပေါ်မှာ ဒဏ်ရာရတဲ့ ပြည်သူတွေရှိတယ်။ အဲဒါတွေလည်း ကယ်ထုတ်ဖို့ ကယ်ဆယ်ရေးလုပ်ဖို့ မဖြစ်နိုင် ဘူး။ တိုက်ပွဲက မရပ်မနားဖြစ်နေတာ” ဟု ကော့ကရိတ်မြို့မှ ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

လက်ရှိ ကော့ကရိတ်- မြ၀တီ အာရှလမ်းမကြီးတွင် ကုန်ကားများနှင့် ခရီးသွားကားများ ရာပေါင်းများစွာ ပိတ်ဆို့နေပြီး ခရီးသည်များနှင့်ကုန်တင်ယာဉ်မောင်းများမှာလည်း မြောင်းထဲဆင်း၍ ပုန်းအောင်းရသည်အထိ ပစ်ခတ်မှုများ တောက်လျှောက်ဖြစ်ပေါ် နေခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article