ရန်ကုန်၊ မေ ၃၁
ရှမ်းပြည်နယ်မြောက်ပိုင်း၊ TNLA ထိန်းချုပ်နယ်မြေ၊ နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ကျေးရွာရှိ TNLA စီးပွားရေးဌာနမှ ယမ်းသိုလှောင်ရုံ မတော်တဆပေါက်ကွဲမှုဖြစ်ခဲ့ပြီး ပြည်သူ ၂၀ ဦးခန့် သေဆုံးခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေး ဌာနနှင့် SSPP တပ်ဖွဲ့တို့ထံမှ သိရသည်။
ယနေ့မေလ ၃၁ ရက် မွန်းတည့် ၁၂ နာရီခန့်က နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ကျေးရွာတွင် PSLF/ TNLA စီးပွားရေးဌာနမှ မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် သို လှောင်ထားသော ယမ်းပျော့များ မတော် တဆပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ဒေသနေပြည်သူ ၂၀ ဦး ထက်မနည်း သေဆုံးမှုရှိပြီး ရာနှင့်ချီ ဒေသခံပြည်သူများ ထိခိုက်ရာရရှိကာ နေအိမ်အများအပြား လည်း ပျက်စီးခဲ့ကြောင်း သိရသည်။
ထိုသို့ ပေါက်ကွဲမှုနေရာရှိ သေဆုံးပြည်သူများ၊ ဒဏ်ရာရရှိသူများကို ရှာဖွေကယ်လျက်ရှိရာ သေဆုံး သူများ ထပ်မံတိုးမြှင့်လာဖွယ်ရှိကြောင်း၊ ကယ်ထုတ်ယူရရှိသော ဒဏ်ရာရ ပြည်သူများကို နမ့်ခမ်းမြို့ ဆေးရုံသို့ ပို့ဆောင်ထားကာ အရေးပေါ်သွေးများလည်း လိုအပ်နေကြောင်း သိရသည်။
ပေါက်ကွဲမှုကြောင့် ထိခိုက်ဆုံးရှံးခဲ့ရသော မိဘပြည်သူများအတွက် ကူညီကယ်ဆယ်ရေး လုပ်ငန်း များ၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို သက်ဆိုင်ရာဌာနများ နှင့် ပူးပေါင်း၍ အမြန်ဆုံး ဆောင်ရွက်နေပြီဖြစ်ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်ထားသည်။
အဆိုပါ ပေါက်ကွဲမှုကြောင့် အသက်ဆုံးရှုံးခဲ့ရသူများ၊ ထိခိုက်ဒဏ်ရာရရှိသူများနှင့် ထိခိုက်ပျက်စီးဆုံး ရှုံးမှုများ ကြုံတွေ့ခဲ့ရသော မိဘပြည်သူများအတွက် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အနေဖြင့် များစွာ ဝမ်းနည်းပူဆွေးရပါကြောင်းနှင့် ကျန်ရစ်သူ မိသားစုဝင်များနှင့် ထပ် တူ ထပ်မျှ စာနာဝမ်းနည်းပါကြောင်း ပြောဆိုထားသည်။
ယခုဖြစ်စဉ်နှင့် ပတ်သက်၍ ပေါက်ကွဲမှုဖြစ်ပွားရသည့် အကြောင်းရင်းများအား အသေးစိတ် စုံစမ်း စစ်ဆေးလျက်ရှိပြီး တာဝန်ရှိသူများအား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း PSLF/TNLA အသိပေးထားသည်






