ယင်းမာပင်တွင် ကျောင်းကျန်းမာရေးစောင့်ရှောက်မှုများပြုလုပ်
ရန်ကုန်၊ ဒီဇင်ဘာ ၁
ယင်းမာပင်၊ဆားလင်းကြီးရွာပေါင်းစုံသပိတ်ကော်မတီ၊ လူငယ့်အားမာန် သပိတ်ကော်မတီနှင့်
ဗမာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးမဟာမိတ်အင်အားစု (WAB)တို့ ပူးပေါင်းကာ ယင်းမာပင်မြို့နယ်တွင်း စာသင်ကျောင်းတစ်ကျောင်းတွင် ကျောင်းကျန်းမာရေးစောင့်ရှောက်မှုများပြုလုပ်ခဲ့ကြသည်။။
ကျောင်းသား၊ကျောင်းသူများကို သံချဆေးတိုက်ခြင်း ဖျားနာ၊ ခေါင်းကိုက်၊မျက်စိနာ စသည့် ဝေဒနာများကို ကုသပေးခဲ့ကြပြီး အမျိုးသမီးများ၏ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဆေးဝါးများ ၊ လစဥ်အမျိုးသမီးအသုံးဆောင်များလည်း ဝေငှခဲ့ကြကြောင်း သိရှိရသည်။

