By ရန်ကုန်ခေတ်သစ်
ဒီကနေ့ မတ်လ ၂၉ ရက် မနက်ပိုင်း ရရှိထားတဲ့ သတင်းတွေကတော့
-မကွေးတိုင်း မြိုင်မြို့နယ် ဗဟင်းမြို့မရဲစခန်းကို မနေ့ ကမွန်းလွဲပိုင်းက ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေက ဝင်ရောက် တိုက်ခိုက်ခဲ့ပါတယ်။
-မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ပိန္နဲတောကျေးရွာရှိ အမှတ် (၈) ရှေ့တန်းကွပ်ကဲရေးဌာနချုပ်အထိုင်စခန်းနဲ့ ရှေ့တန်းစခန်း ၂ ခုကို KNLA ပူးပေါင်းအဖွဲ့က မတ်လ ၂၆ ရက် နံနက် ၁၁ နာရီခွဲခန့်က သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်သား ၆ ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
– ကရင်ပြည်နယ်၊ မြဝတီ-ဝေါ်လေ လမ်းပေါ်ရှိ သေ့ဘောဘိုးကျေးရွာအနီးမှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့ကြား မတ်လ ၂၈ ရက် မွန်းလွဲပိုင်းမှာ တိုက်ပွဲပြင်းထန်ခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။