တောင်ကိုရီးယားနိုင်ငံ၊ဂျောလာပြည်နယ်၊သမ္မတကြီး ကင်ဒဲဂျုံ အောင့်မေ့ဖွယ်ငြိမ်းချမ်းရေးအထိန်းအမှတ်ပွဲတွင် မြန်မာ့နွေဦးတော်လှန်ရေးကို ကူညီပေးရန် တောင်းဆို
ရန်ကုန်၊ ဒီဇင်ဘာ ၂
တောင်ကိုရီးယားနိုင်ငံ၊ဂျောလာပြည်နယ်၊
သမ္မတကြီးကင်ဒဲဂျုံကို အောင့်မေ့ဖွယ်ငြိမ်းချမ်းရေးအထိန်းအမှတ်ပွဲ တတိယအကြိမ်မြောက်ကျင်းပခဲ့ပြီး အခမ်းအနားတွင် ကိုရီးယား မြန်မာယဥ်ကျေးမှုအကအလှများဖြင့် ဖျော်ဖြေတင်ဆက်ကာ MFDMC ဥက္ကဋ္ဌ ကိုဇော်မိုးအောင်၊နွေဦးတော်လှန်ရေးတက်ကြွလှုပ်ရှားသူ ဒယ်ဂူးဘုန်းဘုန်းတို့ တက်ရောက်၍ မြန်မာ့နွေဦးတော်လှန်ရေးကို ကူညီပေးရန် တောင်းဆိုကာ တော်လှန်ရေးပုံရိပ် လက်သုံးချောင်းထောင်ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။