26 C
Yangon

ချောက်မြို့နယ်တွင် စစ်ကောင်စီ တပ်သားများကို ၄ ကြိမ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ အရာရှိ ၁ ဦး အပါအဝင် ၁၈ ဦးသေဆုံး

Must read

ချောက်မြို့နယ်တွင် စစ်ကောင်စီ တပ်သားများကို ၄ ကြိမ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ အရာရှိ ၁ ဦး အပါအဝင် ၁၈ ဦးသေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၃

မကွေးတိုင်း၊ ချောက်မြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ၄ ကြိမ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ အရာရှိ ၁ ဦး အပါအဝင် ၁၈ ဦးသေဆုံးခဲ့ကြောင်း မကွေးခရိုင်အမှတ် ၂ တပ်ရင်းမှ ဗိုလ်စံသျှားက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြားသည်။

နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ချောက်မြို့နယ်အတွင်းသို့ ဝါဇီတပ်နှင့် ခလရ ၁၃ ပူးပေါင်းတပ်ဖွဲ့မှ စစ် ကြောင်းတစ်ကြောင်း၊ ခလရ ၇၇ မှ စစ်ကြောင်း တစ်ကြောင်းဖြင့် ဝင်ရောက်လာစဉ် နိုဝင်ဘာလ ၂၀ ရက်နေ့နံနက်ပိုင်း၌ တစ်ကြိမ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့နှင့် ဒီဇင်ဘာ ၁ ရက်နေ့တွင် ၂ ကြိမ် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကူယာဉ်တန်းကို ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်မှ အရာရှိ ၁ ဦးအပါအဝင် ၁၈ ဦးသေဆုံးပြီး ၇ ဦး ထက်မနည်း ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ဝါဇီတပ်ကတော့ ဆိတ်ဖြူကနေကူးလာတာ၊ ဝါဇီတပ်နဲ့ ခလရ ၁၃ ကတော့ ချောက်မြို့ကနေ ထွက်လာ တာ၊ ခလရ ၇၇ ကလည်း စစ်ကြောင်းတစ်ကြောင်းပေါ့၊ စစ်ကြောာင်း ၂ ကြောင်းပေါ့၊ ၂၀ ရက်နေ့ မနက် က ချောက်မြို့နယ်၊ ကျန်းကန်ရွာနားမှာတစ်ကြိမ် ထိတွေ့မှုဖြစ်တယ်၊ အဲဒါနဲ့ အင်အားမမျှလို့ ခွာစစ်ပုံစံနဲ့ ပြန်ဆုတ်တယ်၊ မိုင်းတွေကာတယ်၊ မိုင်းတွေနဲ့ပိတ်တယ်၊ အဲဒါမှာ ဒီကောင်တွေက လုံးလုံးဆုတ်မသွား ဘူး၊ ဝင်လိုက်၊ ထွက်လိုက်နဲ့ လုပ်နေတဲ့အခါမှာ နိုဝင်ဘာ ၃၀ ရက်နေ့နဲ့ ဒီဇင်ဘာ ၁ ရက်နေ့မှာ နရွဲတော ရွာ အနောက်ဘက်မှာ နှစ်ကြိမ်ဖြစ်တယ်၊ အဲဒီမှာ တစ်ကြိမ်ဖြစ်တာကို စစ်ကူလာတဲ့ကားကို ကတိုင်နဲ့ ထိန်စမ်း ရွာကြားမှာ ပဒေသာမိုင်းတစ်ကြိမ်ဆွဲလိုက်တယ်၊ ထိတွေ့တိုက်ပွဲ ၃ ကြိမ်ဖြစ်တာရော၊ မိုင်းဆွဲ တာ ရော စုစုပေါင်း အရာရှိတစ်ဦးအပါအဝင် ၁၈ ဦးသေတယ်ဆိုတောတော့ အတည်ပြုလို့ရတယ်၊ အရာ ရှိ တစ်ဦးပါတယ်လို့ပဲ သိရတယ်၊ ဘယ်အဆင့်လဲဆိုတာ‌တော့ သေချာမသိရသေးဘူး” ဟု မကွေးခရိုင် အမှတ် ၂ တပ်ရင်းမှ ဗိုလ်စံသျှားက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို မကွေးခရိုင် အမှတ် ၂ တပ်ရင်း၊ ချောက် ပကဖ၊ Chauk Guerrilla Force (CGF)၊ ငါးပြေမပျောက်ကြားတပ်ဖွဲ့နှင့် Chauk Revolution Army – ရေနံမြေအဖွဲ့တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ ခြင်းဖြစ်ပြီး မကွေးခရိုင် အမှတ် ၂ တပ်ရင်းမှ ဖက်ဒရယ်ပြည်ထောင်စုနှင့်ဒီမိုကရေစီစနစ်အတွက် အ သက် ပေးလှူခဲ့ရကြောင်း သိရသည်။

“နိုဝင်ဘာ ၃၀ ရက်ဝန်းကျင်က လူသားဒိုင်းအဖြစ် ဖမ်းဆီးခံထားရတာတွေရှိတယ်၊ နရွဲတော၊ ထိန်စမ်းက လည်း အိမ်ထောင်စု ၅၀၀‌ လောက်စစ်ရှောင်နေရတာတွေရှိတယ်၊ လက်ရှိအချိန်အထိ ပြန်ဝင်လို့မရသေး ဘူး၊ ထိတွေ့တိုက်ပွဲကတော့ ဆက်လက်ဖြစ်နိုင်ခြေရှိတယ်၊ စစ်ကြောင်းကတော့ ပြန်မဆုတ်သေးဘူး၊ လူသားဒိုင်းအဖြစ် ဖမ်းဆီးခံထားရတဲ့အထဲမှာ သက်ကြီးရွယ်အိုတွေ၊ ကလေးသူငယ်တွေပါတယ်၊ အဲလို တွေပါတော့ တစ်ချို့တွေက အသက်အန္တရာယ်စိုးရိမ်ရတဲ့အနေအထားမှာရှိတယ်၊” မကွေးခရိုင်အမှတ် ၂ တပ်ရင်းမှ ဗိုလ်စံသျှားက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article