နယူးယောက်မြို့တွင် ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် ဦးဆောင် ပြုလုပ်သည့် GLOBAL FREEDOM TATTOO CAMPAIGN ပြုလုပ်
ရန်ကုန်၊ ဒီဇင်ဘာ ၄
အမေရိကန်နိုင်ငံ နယူးယောက်မြို့ ပီတိ လူကြီးမိဘများ နားခိုရာ ခန်းမ Pitti Adult Daycare Center တွင် ဒေါ်အောင်ဆန်းစုကြည် သားငယ် ကိုထိန်လင်း ခေါ် Kim ဦးစီးသော နိုင်ငံတကာ GLOBAL FREEDOM TATTOO CAMPAIGN ကို Helping Hands for Burma (H2B) အဖွဲ့က ဦးစီး၍ ကျင်းပ ပြုလုပ်ခဲ့ပြီး ယာယီတက်တူးများကို ရောင်းချပေးခဲ့ကြောင်း သိရှိရသည်။
နဂါးရုပ်တက်တူး ပါ T-Shirts ၊ Hoddies နှင့် Tote Bags များကိုလည်း ရန်ပုံငွေအတွက်ရောင်းချပေးခဲ့ပြီး ပွဲလာ ပရိသတ်များကို မြန်မာအစားအသောက်များဖြင့် ကျွေးမွေးဧည့်ခံခဲ့ကြောင်း၊ Kim ၊ UK နိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ် ဒေါက်တာ သက်ကိုကို ၊ အလှမယ် Model မေမြတ်နိုး တို့က အွန်လိုင်း Zoom မှတစ်ဆင့် တက်ရောက် အမှာစကား ပြောကြားပြီး အမှတ်တရဓာတ်ပုံများကို ရိုက်ကူးခဲ့ကာ ရုပ်ရှင် ဒါရိုက်တာ ကိုပေါက် ကလည်း Freedom Tattoo Campaign နှင့်ပတ်သက်၍ အမှတ်တရ စကားပြောကြားခဲ့ကြောင်း သိရှိရသည်။
Freedom Tattoo Campaign အလှူငွေ လှူဒါန်းသူများအားလုံးကို Kim ၏ လက်မှတ်ပါရှိသော ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခဲ့ကာ ရရှိသော ရန်ပုံငွေများ အားလုံးကို Freedom Tattoo Campaign ကို ပေးပို့လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရှိရသည်။