31 C
Yangon

ကသာမြို့နယ်တွင် Non CDM ဝန်ထမ်း ၁၀၀ ကျော်နှင့် စစ်သား၊ ရဲ ၊ အကျဥ်းထောင် ဝန်ထမ်း ၄၄ ဦး အလင်းဝင်

Must read

ကသာမြို့နယ်တွင် Non CDM ဝန်ထမ်း ၁၀၀ ကျော်နှင့် စစ်သား၊ ရဲ ၊ အကျဥ်းထောင် ဝန်ထမ်း ၄၄ ဦး အလင်းဝင်

ရန်ကုန်၊ ဒီဇင်ဘာ ၄

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်တွင် Non CDM ဝန်ထမ်းများ အလင်းဝင်ရောက်ကြရန် ၂ ကြိမ် ထုတ် ပြန်ခဲ့ပြီးနောက် အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ လက်နက်မကိုင်ဝန်ထမ်း ၁၀၀ကျော်နှင့် စစ်သား၊ ရဲ ၊ အကျဉ်းဦးစီးဌာနမှ ဝန်ထမ်း ၄၄ ဦး ပြည်သူ့ထံ အလင်းဝင်ရောက်ခဲ့ကြောင်း ကသာ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ ပြောကြားသည်။

ဒီဇင်ဘာလ ၁၄ ရက် နောက်ထား၍ ကသာမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီ လက်အောက် ခံ Non CDM ဝန်ထမ်းများအနေဖြင့် လုပ်ကိုင်နေဆဲ ရုံးလုပ်ငန်းများကို ရပ်တန့်ပြီး ဌာန ဆိုင်ရာ စာ ရွက်စာတမ်းများ၊ ပြည်သူပိုင်ပစ္စည်းများနှင့်တကွ အမျိုးသားညီညွတ်ရေး အစိုးရထံ အလင်းဝင်ကြရန် ကသာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

ထိုသို့ ထုတ်ပြန်ပြီးနောက် လက်နက်ကိုင် စစ်သား၊ ရဲ များမပါ စစ်ကောင်စီ လက်အောက်ခံ ဌာန ဆိုင်ရာ Non CDM ဝန်ထမ်း ၅၆ ဦး၊ ဒုတိယအကြိမ်တွင် ၂၉ ဦး အလင်းဝင်ရောက်ခဲ့ကြောင်း သိရ သည်။

ထို့သို့ အလင်းဝင်ရောက်မှုများရှိလာပြီးနောက် ကြေညာချက်တွင် ထုတ်ပြန်ပေးထားသည့် ဖုန်းနံပါတ် ကို အကြမ်းဖက်စစ်ကောင်စီက ပိတ်ပစ်ခတ်ခဲ့ ကြောင်း၊ ထို့ကြောင့် ထပ်မံ အလင်းဝင်ရောက်လိုသူ များ အနေဖြင့် @kathapap Telegram သို့ ဆက် သွယ်နိုင်ကြောင်း အသိပေးထားသည်။

“လက်ရှိမှာတော့ သူတို့ကို စစ်ကောင်စီနဲ့ မပတ်သက်ဖို့ ကတိခံဝန်ပြုခိုင်းထားပြီး နေရပ်မှာ ပြန်လည် နေထိုင်ခွင့်ပြုထားပါတယ်၊ လက်နက်ကိုင်ဝန်းထမ်းဖြစ်တဲ့ စစ်သား၊ ရဲ၊ အကျဉ်းဦးစီးဌာနက ၄၄ ဦး အရင်က ဝင်ရောက်မှုရှိခဲ့ပါတယ်၊ နောက်ထပ် ထပ်တိုးဝင်ရောက်လာသူတွေလည်းရှိနေပါတယ်၊ ထပ်တိုးတာက ၃၀ ကျော်ပြီ၊ ပြည်သူတွေကို အကြော်ငးမဲ့သတ်ဖြတ်၊ ပြည်သူ့နေအိမ်တွေကို မီးရှို့ ဖျက်ဆီးနေတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ ဒေါက်တိုင်အဖြစ် ရည်တည်မနေပဲ အချိန်မနှောင်းခင် ပြည်သူနဲ့အတူ လက်တွဲကြပါလို့ အလင်းမဝင်ရောက်ရသေးတဲ့ Non CDM ဝန်ထမ်းတွေကို တိုက် တွန်းချင်ပါတယ်” ဟု ကသာ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံ သို့ ပြောကြားသည်။

အလင်းဝင်ရောက်မည့် Non CDM ဝန်ထမ်းများသည် အစိုးရ ဌာနဆိုင်ရာ သို့မဟုတ် ဒေသဆိုင်ရာ အာဏာပိုင်တို့က ပိုင်ဆိုင်သည့် သို့မဟုတ် ယင်းတို့အား လွှဲအပ်ထားသည့် သို့မဟုတ် အသုံးပြုရန် ကြံရွယ်ထားသည့် သိုလှောင်ပစ္စည်း၊ ပစ္စည်းကိရိယာတန်ဆာပလာနှင့် အခြားပစ္စည်းများကို မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံ စနစ်တကျ အပ်နှံရန် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားရမည် ဖြစ် ကြောင်း အသိပေထားသည်။

CDM ဝန်ထမ်းများကို ထိထိရောက်ရောက် ကူညီခြင်း၊ တောင်လှန်ရေးကို ထိထိရောက်ရောက် ပါဝင် ကူညီခြင်း ပြုခဲ့သည်ဟု အထောက်အထားခိုင်လုံသည့် Non CDM ဝန်ထမ်းများက မြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ထံ တာဝန်ထမ်းဆောင်ရန် လျှောက်ထားပါက “အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု – CDM နိုင်ငံ့ဝန်ထမ်းဆိုင်ရာ မူဝါဒစာတမ်း”နှင့်အညီ စနစ်တကျ စိစစ်၍ ကာလတို စာချုပ် ဖြင့် တာဝန်ပေးခြင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဒီဇင်ဘာလ ၁၄ ရက်နေ့အထိ အလင်းဝင် ရောက်ခြင်းမရှိသည့် Non CDM ဝန်ထမ်းများကို တည်ဆဲဥပဒေနှင့်အညီ ထိရောက်စွာအရေးယူ အ ပြစ် ပေးခြင်းခံရမည်ဖြစ်ကြောင်း သတိပေး ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article