26 C
Yangon

လောက်ကိုင်မြို့အနီးရှိ စစ်တပ်က အခိုင်အမာ တပ်စွဲထားသော လေးမျက်နှာ စေတီကုန်းကို ကိုးကန့် MNDAA က ၂ ရက်ဆက် ထိုးစစ်ဆင် တိုက်ခိုက်နေပြီး တိုက်ပွဲ ပြင်းထန်နေ

Must read

လောက်ကိုင်မြို့အနီးရှိ စစ်တပ်က အခိုင်အမာ တပ်စွဲထားသော လေးမျက်နှာ စေတီကုန်းကို ကိုးကန့် MNDAA က ၂ ရက်ဆက် ထိုးစစ်ဆင် တိုက်ခိုက်နေပြီး တိုက်ပွဲ ပြင်းထန်နေ

■ စစ်တပ်က လေကြောင်း ပစ်ကူမှ လွဲ၍ မြေပြင် စစ်ကူ မပို့နိုင်

ရန်ကုန်၊ ဒီဇင်ဘာ ၄

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့အနီးရှိ အကြမ်းဖက် စစ်တပ်က အခိုင်အမာ တပ်စွဲထားသော လေးမျက်နှာ စေတီကုန်းကို ကိုးကန့် MNDAA က ၂ ရက်ဆက် ထိုးစစ်ဆင် တိုက်ခိုက်နေပြီး တိုက်ပွဲ ပြင်းထန်နေကြောင်း MNDAA ထံမှ သိရသည်။

ဒီဇင်ဘာလ ၃ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် MNDAA က တုန်းချိန် အပြင်ဘက် လေးမျက်နှာစေတီကုန်းတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်စခန်းကို ချီတက်လာပြီး နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်က စတင်ကာ တိုက်ပွဲစတင် ဖြစ်ပွားခဲ့ကြောင်းသိရသည်။

အဆိုပါ တပ်စခန်းသည် အခိုင်အမာ တပ်စွဲထားသော နေရာဖြစ်ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သား အများအပြားဖြင့် ခုခံနေကာ ယင်းတိုက်ပွဲသည် နံနက်ပိုင်းမှ ညနေပိုင်း အချိန်ထိ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ကြောင်း၊ ညနေ ၆ နာရီခန့်တွင် MNDAA ၏ စစ်ညွှန်ကြားရေးမှူးက ထိုးစစ်ဆင်မှုများကို ရပ်တန့်ခဲ့ပြီး စစ်နည်းပရိယာယ်များပြန်လည်ပြုပြင်ပြီးမှ ထပ်မံ ထိုးစစ်တိုက်ခိုက်ရန် ညွန်ကြားခဲ့ကြောင်း သိရှိရသည်။

ယနေ့ ဒီဇင်ဘာလ ၄ ရက်နေ့ နံနက် ၈ နာရီခန့်တွင် MNDAA က တုန်းချိန်အပြင်ဘက် လေးမျက်နှာ စေတီကုန်းကို ထပ်မံ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး လက်ရှိချိန်ထိ တိုက်ပွဲများ ပြင်းထန်နေဆဲဖြစ်ကြောင်း သိရသည်။

ထိတွေ့ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဘက်မှ လေကြောင်းကို အားသာချက်ရယူ၍ တန်ပြန်တိုက်ခိုက်လာသည်မှလွဲ၍ ကြီးကြီးမားမားမြေပြင် စစ်ကူများ ကိုးကန့်ဒေသတွင်းသို့ ပို့ဆောင် တိုးချဲ့ခြင်း မပြုလုပ်နိုင်ကြောင်း သိရှိရသည်။

ထို့ပြင် လောက်ကိုင်၏ မြောက်ဘက်ခြမ်း ရှီးရှမ်းဒေသ၊ ရှောက်ကိုင်ရွာ အုပ်စုတစ်လျှောက်တွင်လည်း MNDAA က ကုန်းကြမ်းမြို့မှ အခြားနယ်မြေစခန်းကို ထွက်ပြေးသွားသော စစ်ကောင်စီ တပ်သားများကို လိုက်လံ ရှာဖွေမှုများ ပြုလုပ်လျက်ရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article