32 C
Yangon

တာမွေရဲစခန်းအနီးတွင် ဗုံးပေါက်ကွဲသံ ကျယ်လောက်စွာ ထွက်ပေါ်လာ၊ ဗိုလ်တထောင်၊ သင်္ဃန်းကျွန်းနှင့်သာကေတတို့တွင်လည်း ဗုံးပေါက်ကွဲမှုများ ဖြစ်ဟုဆို

Must read

တာမွေရဲစခန်းအနီးတွင် ဗုံးပေါက်ကွဲသံ ကျယ်လောက်စွာ ထွက်ပေါ်လာ၊ ဗိုလ်တထောင်၊ သင်္ဃန်းကျွန်းနှင့်သာကေတတို့တွင်လည်း ဗုံးပေါက်ကွဲမှုများ ဖြစ်ဟုဆို

■ တာမွေ၊ သီတာလမ်းတွင် ဆန္ဒပြရန်ကြိုးစားသည့် လူငယ်တချို့ကို စစ်တပ်နှင့်ရဲက ပစ်ခတ်ရာမှ လူငယ် ၂ ဦး သွေးအိုင်ထဲလဲ သေဆုံးဟုဆို

ရန်ကုန်၊ ဒီဇင်ဘာ ၈

ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ ရဲစခန်းအနီးတွင် ယနေ့ ညပိုင်း ဗုံးပေါက်ကွဲသံ ကျယ်လောင်စွာ ထွက်ပေါ်လာကြောင်း တာမွေမြို့မှ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၈ ရက်နေ့ ည ၉ နာရီ ၉ မိနစ်အချိန် တာမွေမြို့နယ်၊ ရဲစခန်းအနီးတွင် ဗုံးပေါက်ကွဲသံ ထွက်ပေါ်လာခြင်းဖြစ်ကြောင်း၊ လက်ရှိတွင် ရဲများက တာမွေရဲစခန်းအနီးကို ပိတ်ဆို့ စစ်ဆေးနေကြောင်း တာမွေမြို့မှ ပြည်သူများက ဆိုကြသည်။

“ဒီည ၉ နာရီ ၉ မိနစ်မှာ ဗုံးအကျယ်ကြီးပေါက်တယ်။ တာမွေစခန်းနားဖြစ်မယ် အသံတော်တော်ကျယ်တယ်။ အခုတော့ ရဲတွေ ပိတ်စစ်နေပြီ ။ ရဲ​တွေကသူတို့ရဲစခန်းထဲလိုက်စစ်တယ်”ဟု ဒေသပြည်သူတစ်ဦးက ဆိုသည်။

အလားတူ ယနေ့ ည ၉ နာရီ ကျော်ဝန်းကျင်အချိန် ဗိုလ်တထောင်၊ သင်္ဃန်းကျွန်းနှင့်သာကေတတို့တွင်လည်း ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားကြောင်း ရန်ကုန်ကင်းထောက်သတင်းကွန်ရက်များတွင် သတင်းဖော်ပြထားသည်။

ထို့ပြင် ယနေ့ ညနေပိုင်း တာမွေမြို့နယ် သီတာလမ်းတွင် တာယာများကို မီးရှို့၍ ဆန္ဒပြရန် ကြိုးစားမှု တစ်ရပ်ဖြစ်ပွားခဲ့ပြီး စစ်တပ်နှင့်ရဲများက ကင်းပုန်း ဝပ်နေရာမှ ဆန္ဒပြရန် ကြိုးစာသည့် လူငယ် များကို ပစ်ခတ်ကြောင်း၊ လူငယ် ၂ ဦး ကျည်ထိမှန်၍ သွေးအိုင်ထဲလဲနေပြီး လူငယ်တချို့ ဖမ်းဆီးခံရကြောင်း ဒေသပြည်သူတချို့က ဆိုကြသည်။

“ဒီညနေပိုင်း သီတာလမ်းမှာဆန္ဒပြဖို့ကြိုးစားတဲ့လူငယ်​တွေကို ရဲ နဲ့စစ်တပ်က ပစ်ခတ်တာ။ အဲဒါ လူငယ် ၂ ဦး သွေးအိုင်ထဲလဲနေတာ သေပြီလို့‌ပြောကြတယ်။ အလောင်းတော့ မကောက်သေးဘူး။ သွေးအိုင်ထဲမှာ လဲနေတဲ့ လူငယ်တွေက ငြိမ်သွားပြီ။ အခုအ​လောင်း​တောင်မ​ကောက်​သေးဘူး။ လူငယ် ၂ ဦး သေပြီး ၂ ဦး အဖမ်းခံရတယ်လို့ သိရတယ်” ဟု တာမွေမှ ပြည်သူတချို့ က ပြောဆိုသည်။

ဓာတ်ပုံ- ရန်ကုန်မြို့လယ်တွင် ယခုရက်ပိုင်းကာလ ညပိုင်း ကင်းလှည့်နေသည့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article