29 C
Yangon

ပဲခူးမှ ကချင်ပြည်နယ်သို့ ပြောင်းရွှေ့ရန်သွားသည့် စစ်ကောင်စီခန့် ထွေ/အုပ် ဦးစီးအရာရှိ မောင်မောင်ဝင်း လမ်းခရီးတွင် အသတ်ခံရ

Must read

ရန်ကုန်၊ မတ် ၃၀

ပဲခူးတိုင်းမှ ကချင်ပြည်နယ်သို့ ပြောင်းရွှေ့ရန်သွားသည့် စစ်ကောင်စီခန့် အထွေထွေအုပ်ချုပ်ရေးဦး စီးဌာန ဦးစီးအရာရှိ မောင်မောင်ဝင်းသည် မတ်လ ၂၇ ရက်နေ့ လမ်းခရီးတွင် အသတ်ခံရကြောင်း ရဲသတင်းရပ်ကွက်က အတည်ပြုပြောဆိုသည်။

မတ်လ ၂၇ ရက်နေ့ ထွေ/အုပ် ဦးစီးအရာရှိ မောင်မောင်ဝင်းသည် ပဲခူးမှ ကချင်ပြည်နယ်သို့ ပြောင်း ရွှေ့ရန်အတွက် မန္တလေး-ရွှေဘို-မြစ်ကြီးနားလမ်းအတိုင်း ကားဖြင့် ထွက်ခွာသွားကြောင်း၊ လမ်းခရီး ကောလင်းမြို့ အရောက်တွင် တားဆီးစစ်ဆေးခံရပြီး အသတ်ခံရခြင်းဖြစ်ကြောင်း သိရှိရသည်။

“အလောင်းကို တွေ့တာက ကောလင်းမြို့ မြို့ကုန်းမြို့မရပ်ကွက် ဓါတ်အားခွဲရုံအရှေ့ ရွှေမင်းဝံလမ်းမပေါ်ပေါ်မှာ တွေ့တာ ။ ပဲခူးထွေ/အုပ် ဦးစီးအရာရှိ ဦးမောင်မောင်ဝင်း။ မျက်နှာမှာ ပုဝါအုပ်ပြီး အပြာနုရောင် ပုဝါအုပ်ပြီး လက်နောက်ပြန်ကြိုးတုတ်လျက် လည်ပင်း ပြတ်နုနီးပါး ပြတ်ရှဒဏ်ရာ ၁ချက် ဝဲရင်အုံ ထိုးသွင်းဒဏ်ရာတို့ဖြင့် သေဆုံးနေတယ်။ အလောင်းပေါ်မှာ ဦးစီးအရာရှိ ဦးမောင်မောင်ဝင်းဆိုတဲ့ ဝန်ထမ်းကတ် လည်းတွေ့ရတယ် “ဟု ရဲသတင်းရင်းမြစ်က ပြောသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article