ကနီရှိ စစ်ဘေးရှောင်ရင်း ကွယ်လွန်သွားသည့် CDM သူရဲကောင်း ကျောင်းဆရာမကြီး ဒေါ်ခင်သီတာ စျာပန ပြည်သူများ လိုက်ပါပို့ဆောင်
ရန်ကုန်၊ ဒီဇင်ဘာ ၁၀
ကနီမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် အကြမ်းစစ်တပ်ကြောင့် နေအိမ်မီးရှို့ခံထားရပြီး ကျောင်းသား၊ ကျောင်းသူများကို စာသင်ကြားပေးနေသော CDM သူရဲကောင်း ကျောင်းဆရာမကြီး ဒေါ်ခင်သီတာ (၃၁ နှစ်)သည် စစ်ဘေးရှောင်ရင်း သေဆုံးသွား၍ ၎င်း၏ စျာပန ကို ပြည်သူများမှ လိုက်ပါပို့ဆောင်၍ သူရဲကောင်းအဖြစ် သတ်မှတ်ခဲ့ကြသည်။