25.7 C
Yangon

မော်လမြိုင်-ရေး -ထားဝယ် အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ပြည်သူ့ကာကွယ်ရေးတပ်များက နေ့စဉ် စစ်ဆေးမှုများ လုပ်ဆောင်နေပြီး စစ်တပ်က မသွားလာရဲတော့၊ ဘုရားသုံးဆူ လမ်း၀ရှိ သက္ကော့လမ်း၀ စစ်တပ် စစ်ဆေးရေးဂိတ်ကို ဒရုန်းဖြင့် ဗုံးကျဲ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၂

း တောင်ညိုစစ်ကြောင်း တပ်ခွဲ ၁ က သတင်းထုတ်ပြန်သည်။

နေ့စဉ် နံနက် ၉ နာရီအချိန်မှစတင်၍ တောင်ညိုစစ်ကြောင်း တပ်ခွဲ ၁ မှ ရဲဘော်များက ခရီးသွားပြည်သူများလုံခြုံရေးအတွက် ယာဉ်စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း၊ ခရီးသွားပြည်သူများနှင့် ကားဆရာများကို အာဏာသိမ်းစစ်အစိုးရနှင့်ပတ်သက်သော အရာများကို မသယ်ဆောင်လာကြရန် အထူးမေတ္တာရပ်ခံမှာကြားကြကြောင်း သိရှိရသည်။

ထို့ပြင် အမှတ် ၈ ပြည်ထောင်စု လမ်းမကြီးပေါ်ရှိ ဘုရားသုံးဆူလမ်း၀ သက္ကော့လမ်း၀ စစ်ဆေးရေးဂိတ်ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ လက်ရှိတွင် စစ်ကောင်စီတပ်များသည် အမှတ် ၈ ပြည်ထောင်စု လမ်းမပေါ်တွင် သွားလာရဲခြင်းမရှိတော့ကြောင်း တောင်ညိုစစ်ကြောင်း တပ်ခွဲ ၁ က သတင်းထုတ်ပြန်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article