29 C
Yangon

မတ္တရာမြို့နယ်၊ ကျောက်တံတားကျေးရွာ ဘုန်ကြီးကျောင်း၌ တပ်စွဲထားသော စစ်ကောင်စီ တပ်သားများကို ဝင်ရောက် တိုက်ခိုက်မှု ၃ ဦးသေဆုံးပြီး ၂ ဦးအရှင်မိ

Must read

မတ္တရာမြို့နယ်၊ ကျောက်တံတားကျေးရွာ ဘုန်ကြီးကျောင်း၌ တပ်စွဲထားသော စစ်ကောင်စီ တပ်သားများကို ဝင်ရောက် တိုက်ခိုက်မှု ၃ ဦးသေဆုံးပြီး ၂ ဦးအရှင်မိ

ရန်ကုန်၊ ဒီဇင်ဘာ ၁၃

မန္တလေးတိုင်း ၊မတ္တရာမြို့နယ်၊ ကျောက်တံတားကျေးရွာ ဘုန်ကြီးကျောင်း၌ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဝင်ရောက် တိုက်ခိုက်ရာ ၃ ဦးသေဆုံးပြီး ၂ ဦးအရှင် ဖမ်းဆီးရမိခဲ့ကြောင်း MDY PDF တပ်ဖွဲ့ထံမှ သိရသည်။

ဒီဇင်ဘာလ ၁၂ ရက်နေ့ နံနက် ၆ နာရီခန့်တွင် မတ္တရာမြို့နယ်၊ ကျောက်တံတားကျေးရွာ ဘုန်ကြီးကျောင်း၌ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက် ဒဏ်ရာရရှိသူ များပြားခဲ့ပြီး ရန်သူ့အလောင်း ၃ လောင်းနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံ့ပန်း ၂ ဦး အရှင်ဖမ်းဆီးရမိကာ ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) မှ ရဲဘော် ၁ ဦး မြင့်မြတ်စွာ အသက်ပေးလှူခဲ့ကြောင်း သိရသည်။

ထို့ပြင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများထံမှ MA-1 သေနတ် ၄ လက် ၊ Jammer ၁ လုံး ၊ ကွန်ပျူတာ ၁ လုံးအပါအဝင် ဆက်စပ် ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article