22.9 C
Yangon

လယ်ဒိုမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ်များ ထိခိုက် ပျက်စီး

Must read

လယ်ဒိုမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ်များ ထိခိုက် ပျက်စီး

ရန်ကုန်၊ ဒီဇင်ဘာ ၁၄

ကရင်ပြည်နယ်၊ လယ်ဒိုမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ်များ ထိခိုက် ပျက်စီးခဲ့ကြောင်း KNU ဗဟိုထံမှ သိရသည်။

ဒီဇင်ဘာလ ၇ ရက်နေ့မှ ၁၃ ရက်နေ့အထိ လယ်ဒိုမြို့နယ်ရှိ ပြည်သူများ နေထိုင်ရာ ကျေးရွာများ အတွင်းနှင့် လုပ်ကိုင်စားသောက်ရာ လုပ်ငန်းခွင်များကို အကြမ်းဖက် စစ်တပ်က ၈၁ မမ၊ ၁၂၀ မမ၊ ၁၅၅ မမ လက်နက်ကြီး ၄၉ လုံး ခန့်ပစ်ခတ်ခဲ့ပြီး လေကြောင်း တိုက်ခိုက်မှု ၂ ကြိမ်ခန့် ပြုလုပ် ခဲ့သောကြောင့် ပြည်သူ ၁ ဦးသေဆုံးကာ ၃ ဦးဒဏ်ရာရှိပြီး နေအိမ် ၆ လုံး၊ ပုဇင်း ၁ စီး နှင့် နွား ၁ ကောင် ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ဒီဇင်ဘာလ ၇ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီတပ်၏ ပိန်းဇလုပ် အခြေစိုက်တပ် ခလရ-၂၆၄ တပ်ရင်းက ၁၂၀ မမ လက်နက်ကြီး ၂ လုံး တောင်ခင် ကျေးရွာ အတွင်းကို ပစ်ခတ်ခဲ့ရာ နေအိမ် ၁ လုံး ပျက်စီးခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာလ ၉ ရက်နေ့တွင် ခလရ−၂၆၄ က ၁၂၀မမ၊ ၁၅၅ မမနှင့် ၈၁ မမ လက်နက်ကြီးများဖြင့် တောင်ခင်ကျေးရွာကို ၃ လုံး၊ သမင်အင်းကုန်းကျေးရွာကို ၇ လုံး စုစုပေါင်း ၁၀ လုံး ခန့် ပစ်ခတ်ခဲ့ရာ တောင်ခင်ကျေးရွာမှ ပျူစောထီးအဖွဲ့ဝင် သန်းလှိုင်၏ နေအိမ်နှင့် ဦးဇော်မိုးလွင်၏နေအိမ် တို့ ပျက်စီးခဲ့ပြီး ဦးဇော်မိုးလွင်၏ နွား ၁ ကောင် ကျည်စထိမှန် ဒဏ်ရာရကာ ပုဇင်း(၁)စီးလည်း ပျက်စီးခဲ့ကြောင်း သိရှိရသည်။

ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ခလရ−၂၆၄ က ၁၅၅ မမ လက်နက်ကြီးများဖြင့် သမင်အင်းကုန်း ကျေးရွာကို ၃ လုံး၊ အလယ်ကျေးရွာကို ၁ လုံး၊ တောင်ခင်ကျေးရွာကို ၂ လုံး ပစ်ခတ်ခဲ့ကြောင်း၊ ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ၁၂၀ မမ၊ ၁၅၅ မမနှင့် ၈၁ မမ လက်နက်ကြီးများဖြင့် ခြောက်သဲစု ကျေးရွာကို ၁ လုံး၊ သမင်အင်းကုန်းကျေးရွာကို ၄ လုံး၊ ဖျံတလင်းကျေးရွာကို ၃ လုံး စုစုပေါင်း ၈ လုံး ပစ်ခတ်ခဲ့ရာ သမင်အင်းကုန်းကျေးရွာမှ နော်တာမူလာ၏ နေအိမ် ၁ လုံး ပျက်စီးခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် ခလရ−၂၆၄ က ၁၂၀ မမ၊ ၁၅၅ မမနှင့် ၈၁ မမ လက်နက်ကြီးများဖြင့် ခင်ကန့်လန့် ကျေးရွာကို ၂ လုံး၊ ယောက်သွားကုန်းကို ၂ လုံး၊ ဒိုးတန်းကို ၃ လုံး၊ ချွဲတလဲကို ၈ လုံး၊ သမင်အင်းကုန်းကို ၃ လုံး၊ ထိုးဝါးစိုက်ကို ၁ လုံး စုစုပေါင်း ၁၉ လုံး ခန့်ပစ်ခတ်ခဲ့ရာ တောင်ခင် ကျေးရွာမှ အသက် ၆၀ အရွယ် ဦးဆန်ပေါ ကျည်စထိမှန် ဒဏ်ရာရရှိပြီး နေအိမ် ၂ လုံး ပျက်စီးခဲ့ကြောင်း သိရှိရသည်။

ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် ခလရ−၂၆၄ က ၁၅၅ မမ လက်နက်ကြီးများဖြင့် ခြောက်သဲစု ကျေးရွာကို ၁ လုံး၊ ဖိုးတကျေးရွာ၊ အလှိုင်ကျေးရွာကို ၁ လုံး နှင့် ချောင်းဝကျေးရွာ အကြားကို ၁ လုံး၊ ရွာသာယာကျေးရွာကို ၁ လုံး စုစုပေါင်း ၄ လုံး ပစ်ခတ်ခဲ့ရာ အလှိုင်းကျေးရွာမှ အသက် ၄၅ နှစ်အရွယ် ဦးဒေဝ သေဆုံးခဲ့ပြီး ပြည်သူ ၃ ဦး ဒဏ်ရာရရှိကာ ခေါလိုကလိုးကျေးရွာနှင့် ပယ်ဝါးဒဲကျေးရွာကိုလည်း စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article