ဗြိတိန်က ရိုဟင်ဂျာဒုက္ခသည်များ အပါအဝင် မြန်မာနိုင်ငံမှ ဒုက္ခသည်အားလုံးကို အကူအညီပေးရေး ဒေါ်လာ ၅ ဒသမ ၇ သန်း ထောက်ပံ့မည်
ရန်ကုန်၊ ဒီဇင်ဘာ ၁၅
ဗြိတိနိုင်ငံက ရိုဟင်ဂျာဒုက္ခသည်များ အပါအဝင် မြန်မာနိုင်ငံမှ ဒုက္ခသည်အားလုံးကို အကူအညီပေးရေး ဒေါ်လာ ၅ ဒသမ ၇ သန်း ထောက်ပံ့မည်ဖြစ်ကြောင်း ဗြိတိန်အစိုးရက ယမန်နေ့ တရားဝင်သတင်းထုတ်ပြန်သည်။
မြန်မာနိုင်ငံတစ်ဝှမ်းရှိ လိုအပ်နေသူများအတွက် မရှိမဖြစ်လိုအပ်သော ရေသန့်၊ စားနပ်ရိက္ခာနှင့် အမိုးအကာများ ရရှိရေးအတွက် အကူအညီပေးရန် ရန်ပုံငွေအသစ်အဖြစ် အမေရိကန်ဒေါ်လာ ၅ ဒသမ ၇ သန်း (စတာလင်ပေါင် ၄ ဒသမ ၅ သန်း) ကို ထောက်ပံ့မည်ဖြစ်ကြောင်း၊ ထောက်ပံ့မည့်အစီအစဉ်တွင် ဘင်္ဂလားဒေ့ရှ်တွင် ရောက်ရှိနေသည့် ရိုဟင်ဂျာ ဒုက္ခသည်များ အပါအဝင် ဒုက္ခသည်များအားလုံးအတွက် ဗြိတိန်အစိုးရ၏ အကူအညီပေးရေးအစီအစဉ်ကြီး၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း သိရှိရသည်။
နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီး Andrew Mitchell က “ ဒီနှစ်မှာ ပဋိပက္ခ သို့မဟုတ် အကျပ်အတည်းကြောင့် နေရပ်မှ စွန့်ပြေး ထွက်ခွာခဲ့ရသူ အရေအတွက်က လူဦးရေ သန်း ၁၁၀ ကျော်( တစ်ကမ္ဘာလုံးအရေအတွက်ကို ဆိုလိုခြင်းဖြစ်သည်) အထိ မြင့်တက်လာမယ်လို့ ခန့်မှန်းထားပါတယ်။ ခန့်မှန်းထားပါတယ်။ ဤကိန်းဂဏန်းများသည် မကြုံစဖူးဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများအတွက် အရေး တကြီး လိုအပ်မှုကို မီးမောင်းထိုးပြနေပါတယ်။ ကြေညာတဲ့အထောက်အပံ့များဟာ ရပ်ရွာတစ်ခုလုံး ရှင်သန်ဖွံ့ဖြိုးလာစေဖို့ အိမ်ရှင်နိုင်ငံများ လိုအပ်နေတဲ့ အကူအညီတွေကို ပံ့ပိုးပေးမှာဖြစ်ပြီး ၊ ခေါင်းပုံဖြတ်ခံရမှုအန္တရာယ်ကိုပါ လျှော့ချပေးရာ ရောက်မှာဖြစ်ပါတယ်။ ဒုက္ခသည်တွေအနေနဲ့ အခြေအနေပေးလို့ နေရပ်ပြန်တဲ့အခါ ဘေးကင်းလုံခြုံပြီး ဂုဏ်သိက္ခာရှိရှိ နေထိုင်နိုင်စေဖို့ ၊ ပညာရေးနဲ့ ကျွမ်းကျင်မှုတွေရရှိနိုင်စေဖို့ လုပ်ဆောင်ခြင်းဖြစ်ပါတယ်။” ဟု ပြောကြားခဲ့သည်။
ဓာတ်ပုံ- ယခုနှစ်အတွင်း စစ်တပ်က စစ်ကြောင်းထိုး၍ ထွက်ပြေးနေရသည့် စစ်ကိုင်းတိုင်းမှ ပြည်သူများ။