29 C
Yangon

ခမ်းပတ်မြို့ကို စစ်ကြောင်းထိုးလာသည့် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၁၀ ဦး ကျော်သေဆုံးကာ လက်နက် ၁၇ လက် သိမ်းဆည်း ရရှိ

Must read

ခမ်းပတ်မြို့ကို စစ်ကြောင်းထိုးလာသည့် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၁၀ ဦး ကျော်သေဆုံးကာ လက်နက် ၁၇ လက် သိမ်းဆည်း ရရှိ

ရန်ကုန်၊ ဒီဇင်ဘာ ၁၆

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ခမ်းပတ်မြို့ကို စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၁၀ ဦး ကျော်သေဆုံးကာ လက်နက် ၁၇ လက် သိမ်းဆည်း ရရှိခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနထံမှ သိရသည်။

စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ခမ်းပါတ်မြို့ကို အကြမ်းဖက်စစ်သား အင်အား ၂၀၀ ခန့်ဖြင့် စစ် ကြောင်း ထိုးလာသဖြင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ ခုခံတိုက်ခိုက်ရာ ယနေ့ ဒီဇင်ဘာလ ၁၆ ရက် နံနက်ပိုင်းတွင် တပ်ပျက်ကာ ထွက်ပြေးသွားပြီး အရာရှိ ၁ ဦး အပါအဝင် အလောင်း ၁၀ လောင်း ကျော်နှင့် MA-10 RPG 7 သေနတ် ၁ လက်၊ MG-3 သေနတ် ၁ လက်၊ MA-S1 MK2 သေနတ် ၁ လက် အပါအဝင် လက်နက်မျိုးစုံ ၁၇ လက် သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို NUG အမှတ် ၁ စစ်ဒေသကွပ်ကဲမှုဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) စစ်ကိုင်းတိုင်း အထူးတပ်ရင်းများ၊ ခရိုင်တပ်ရင်းများ၊ ပကဖနှင့် တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာန က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article