မုံရွာမြို့ပေါ်ရှိ စစ်တပ် တပ်စွဲထားသော နေရာ ၃ ခုကို ဗုံးပစ်တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံး
ရန်ကုန်၊ ဒီဇင်ဘာ ၁၇
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်တွင် အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာ ၃ ခုကို လက်ပစ်ဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံးခဲ့ကြောင်း Golden Eagle Force – Monywa တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။
ယနေ့ ဒီဇင်ဘာလ ၁၇ ရက် နံနက် ၈ နာရီခွဲခန့်က မုံရွာမြို့အထွက်ဂေါက်ကွင်းအနီး အမှတ် ၁၆ ခြေမြန်တပ်ရင်းအတွင်းကို လက်ပစ်ဗုံး တစ်လုံး၊ ဒီဇင်ဘာလ ၁၆ ရက် ည ၇ နာရီခန့်က မုံရွာမြို့၊ နတ်လူထိပ်ပန် ရပ်ကွက်ရုံး၌ အထိုင်ချထားသော အကြမ်းဖက် စစ်သား၊ ရဲများကို လက်ပစ်ဗုံးတစ်လုံးနှင့် ဒီဇင်ဘာလ ၁၆ ရက် ည ၇ နာရီခွဲခန့်က မုံရွာ -မန္တလေးလမ်းဘေး စက်မှုဇုံလမ်းခွဲအနီး အထက်တန်း ကျောင်းဝင်းအတွင်း၌ ကင်းပုန်းဝပ်နေသော အကြမ်းဖက်စစ်သားများကို လက်ပစ်ဗုံးတစ်လုံး ပစ် သွင်းဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“အမှတ် ၁၆ ခြေမြန်တပ်ရင်းက မုံရွာမြို့အထွက်နားက ဂေါက်ကွင်းနဲ့ နီးတာပါ၊ နမခနဲ့က အရမ်းကြီး မနီးပါဘူး၊ ရပ်ကွက်ရုံးကိုဂိတ်ကို ပစ်တာက စစ်ခွေး ၂ ကောင်သေတာ၊ ကျန်တဲ့ ၂ နေရာက ထိခိုက်မှု မရှိခဲ့ပါဘူး” ဟု Golden Eagle Force – Monywa တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြား သည်။
ထို့သို့ တိုက်ခိုက်မှု ၃ ကြိမ်အတွင်း နတ်လူထိပ်ပန်ရပ်ကွက်ရုံးတွင် အထိုင်ချတပ်စွဲထားသော အကြမ်း ဖက်စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း၊ အကြမ်းဖက်စစ် ကောင်စီတပ်သားများက ကြောက်လန့်တကြား ပြန်လည် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို Goldern Eagle Force – Monywa အဖွဲ့နှင့် မုံရွာမြို့ပြ UG တပ်ဖွဲ့ တို့ပူးပေါင်း ကာတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ် ခွာနိုင်ခဲ့ကြောင်း၊ မိဘပြည်သူများအနေဖြင့် အကြမ်းဖက်စစ်တပ် ဂိတ်စခန်းများနှင့် တတ်နိုင်သမျှ ဝေးဝေးက ရှောင်ရှားသွားလာနေထိုင်ကြပါရန် မေတ္တာရပ်ခံထားသည်။