26 C
Yangon

ထိုင်းတွင် တရားမဝင် မြန်မာလုပ်သားများစီးလာသည့်ကားကို ကုန်ကားဝင်တိုက်မိပြီး မြန်မာ ၁၆ဦး ဖမ်းဆီးခံရ

Must read

ထိုင်းတွင် တရားမဝင် မြန်မာလုပ်သားများစီးလာသည့်ကားကို ကုန်ကားဝင်တိုက်မိပြီး မြန်မာ ၁၆ဦး ဖမ်းဆီးခံရ

ရန်ကုန်| ဒီဇင်ဘာ ၁၉

ထိုင်းနိုင်ငံတောင်ပိုင်းတွင် တရားမဝင် ဝင်ရောက်လာသော မြန်မာအလုပ်သမားများ လိုက်ပါစီးနင်းလာသည့် ဗန်ကား ကားတိုက်မှုဖြစ်ပွားပြီးနောက် ကားပေါ်ပါ မြန်မာအလုပ်သမား ၁၆ ဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

နခွန်စီထမရတ်ခရိုင် ထုန်းယိုင်ဒေသ ပလိပ်ရွာအနီးတွင် ဒီဇင်ဘာ ၁၅ ရက်နေ့က ကားတိုက်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ရေးသားထားသည်။

ကားတစ်စီးက လမ်းချော်ကာ လမ်းဘေးထိုးကျသွားသဖြင့် မြန်မာအလုပ် သမားများပါသော ကားက အရှိန်လျှော့လိုက်မိရာမှ ၂၂ ဘီးတပ် ကုန်တင်ကားတစ်စီးက အနောက်က အရှိန်ဖြင့် ဝင်တိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

ကုန်တင်ကားနှင့် တိုက်မိပြီးနောက် ကားပေါ်ပါလာသော မြန်မာအလုပ်သမား ၁၆ ဦးစလုံးသည် ဒဏ်ရာရရှိ ခဲ့သော်လည်း တရားမဝင် လာရောက်ကြသူများဖြစ်သဖြင့် အနီးရှိ တောထဲသို့ ထွက်ပြေးခဲ့ကြကြောင်း ဖော်ပြထားသည်။

ရဲတပ်ဖွဲ့နှင့် ကယ်ဆယ်ရေးအဖွဲ့များ ရောက်ရှိလာသောအခါ အစစ်ဆေးမခံဘဲ ထွက်ပြေးခဲ့ကြသဖြင့် လိုက်လံ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း‌ သတင်းများတွင် ဖော်ပြသည်။

နယ်မြေကျွမ်းကျင်မှုမရှိသဖြင့် တောထဲတွင် ပုန်းနေသော မြန်မာအလုပ်သမား အမျိုးသား ၁၁ ဦး၊ အမျိုးသမီး ၅ ဦး တို့ကို ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်း ဆိုသည်။

ကားတိုက်မှုကြောင့် ထိုင်းနိုင်ငံသား ကားမောင်းသမားကလည်း ဒဏ်ရာအနည်းငယ်ရရှိခဲ့ပြီး မြန်မာ အလုပ်သမားများကို တစ်ဦးလျှင် ဘတ် ၅၀၀ ဖြင့် စူရတ်ဌာနီခရိုင်မှတစ်ဆင့် စွန်ခရာခရိုင်သို့ ပို့ဆောင်ပေးခြင်း ဖြစ်ကြောင်း ကားသမား၏ ဖြေကြားချက်ကို ဖော်ပြထားသည်။

ဖမ်းမိခဲ့သော မြန်မာအလုပ်သမားများကို ဥပဒေအရ ဆက်လက်အရေးယူရန် ထုန့်ယိုင်ရဲစခန်းသို့ ပို့ဆောင်ခဲ့ကြောင်း သတင်းများတွင် ဖော်ပြထားသည်။

ယခုဒီဇင်ဘာလအတွင်းတွင်ပင် ထိုင်းရောက်မြန်မာအလုပ်သမားများ လိုက်ပါစီးနင်းလာသော ကား တိမ်းမှောက်မှု၊ ကားတိုက်မှုဖြစ်စဉ် ၅ ခုအထိ ဖြစ်ပွားခဲ့ပြီး အနည်းဆုံး ၃ ဦးအထိ သေဆုံးခဲ့ရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article