34 C
Yangon

မန္တလေး နန်းတွင်း၊ အိုးဘိုထောင် ဗဟိုကင်း အပါအဝင် ရဲစခန်း ၃ ခုကို ရွှေပြည်စိုး စစ်ဆင်ရေး အဖြစ် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

Must read

မန္တလေး နန်းတွင်း၊ အိုးဘိုထောင် ဗဟိုကင်း အပါအဝင် ရဲစခန်း ၃ ခုကို ရွှေပြည်စိုး စစ်ဆင်ရေး အဖြစ် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

ရန်ကုန်၊ ဒီဇင်ဘာ ၂၀

မန္တလေးမြို့ပေါ်ရှိ မန္တလေး နန်းတွင်း၊ အိုးဘိုထောင် ဗဟိုကင်း အပါအဝင် ရဲစခန်း ၃ ခုကို ရွှေပြည်စိုး စစ်ဆင်ရေး အဖြစ် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း မန္တလေးခရိုင် တပ်ရင်း ၄ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် မန္တလေးမြို့ပေါ်ရှိ အမှတ် ၄ ရဲစခန်း ၊ အမှတ် ၆ ရဲစခန်း ၊ အမှတ် ၉ ရဲစခန်း၊ အိုးဘိုထောင် ဗဟိုကင်း ၊ နန်းတွင်းတိုင်းမှူး အဆောင်၊ နန်းတွင်း ဒုတိုင်းမှူး အဆောင် ၊ နန်းတွင်း အမှတ် ၁၆၁ တပ်ထိန်းတပ်ခွဲ နှင့် ရတနာပုံခန်းမ တို့ကို တော်လှန်ရေး တပ်ဖွဲ့များက ရွှေပြည်စိုး စစ်ဆင်ရေး အဖြစ် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

” တောင်သမာန်မှာ အောင်လံစိုက်မယ်ဆိုတဲ့ ကြွေးကြော်သံနှင့် အတူ ရွှေပြည်စိုး စစ်ဆင်ရေးကို အရှိန်အဟုန်နဲ့ ဆောင်ရွက်လျက်ရှိရာ ဒီနေ့ ဒီဇင်ဘာလ ၂၀ ရက်နေ့မှာ မန္တလေးမြို့ပေါ်မှာရှိတဲ့ စစ်ကောင်စီ လက်အောက်ခံ ရဲစခန်းနဲ့ နန်းတွင်း စစ်စခန်းတွေကို တိုက်ခိုက်ခဲ့တာပါ။ မြို့ထဲမှာ လမ်းတွေ ပိတ်ပြီး စစ်နေတာတွေ့ရှိ သလို အမှတ် ၆ ရဲစခန်းကတော့ ဗုံးသီးကွဲပြီးနောက်မှာ စခန်းထဲက ခွေးတွေအကုန် စခန်းအပြင်ကို ထွက်ပြေးကြပြီး အတားအဆီးတွေပိုချတယ်လို့ သိရတယ်” ဟု မန္တလေးခရိုင် တပ်ရင်း ၄ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို မန္တလေးခရိုင် တပ်ရင်း ၃ ၊ ၄ ၊ ၅ ၊ ၆ နှင့် Shar Htoo Waw နည်းပညာတပ်ဖွဲ့ Team-6 Drop For Justice တို့မှ ပူးပေါင်း တိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article