ကွတ်ခိုင်၊ မန်တုံ ၊ နမ္မတူ၊ မိုးကုတ်တို့တွင် TNLA နှင့် စစ်တပ်တို့ တိုက်ပွဲများ ဖြစ်ပွားပြီး စစ်တပ်၏ ပစ်ခတ်မှုများကြောင့် ပြည်သူလူထု၏ နေအိမ်များ ပျက်စီး
ရန်ကုန်၊ ဒီဇင်ဘာ ၂၀
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်၊ မန်တုံ ၊ နမ္မတူ၊ မိုးကုတ်တို့တွင် TNLA နှင့် စစ်တပ်တို့ တိုက်ပွဲများ ဖြစ်ပွားပြီး စစ်တပ်၏ ပစ်ခတ်မှုများကြောင့် ပြည်သူလူထု၏ နေအိမ်များ ပျက်စီးကြောင်း TNLA က သတင်းထုတ်ပြန်သည်။
ဒီဇင်ဘာလ ၂၀ ရက်နေ့ နံနက် ၉ နာရီ ၄၅ မိနစ်အချိန် ကွတ်ခိုင်မြို စစ်ကောင်စီတပ်စခန်းတွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် PSLF/TNLA တို တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ယနေ့ နံနက် ၈ နာရီအချိန် မန်တုံမြို စစ်ကောင်စီ ခလရ-၁၃၀ တပ်စခန်းတွင် အချိန်တွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် PSLF/TNLA တို တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ယနေ့ နံနက် ၁၀ နာရီ ၂၃ မိနစ်အချိန် နမ္မတူမြို စစ်ကောင်စီတပ်စခန်းတွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် PSLF/TNLA တို တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
တိုက်ပွဲများဖြစ်ပွားနေသော မန်တုံမြိုတွင် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် လူနေအိမ် (၁)လုံး မီးလောင်ပြာကျခဲ့ပြီး၊ ဘုန်းကြီးကျောင်းနှင့် လူနေအိမ် (၁၂)လုံး လေယာဥ်ဗုံးစ ထိမှန် ပျက်စီးခဲ့ရကြောင်း၊ မန်တုံမြို အနီးတဝိုက်တွင် စစ်ကောင်စီတပ်မှ Jet Fighter ဖြင့် (၈)ကြိမ်၊ Y12 လေယာဥ် ဖြင့် (၄၁)ကြိမ်၊ ဗုံး (၂၁၁)လုံး လာရောက် ကြဲချပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊
မန်တုံမြို စစ်ကောင်စီ ခလရ-၁၃၀ တပ်စခန်းမှ မန်တုံမြိုနယ် လွယ်ကန်ကျေးရွာ၊ မန်ဖန်ကျေးရွာ၊ ဆွယ်ဟိန်း Company ကုန်းအနီးဝန်ကျင်၊ တာလတ်ကျေးရွာ၊ မန်ကန်ကျေးရွာ၊ နမ့်ဆန်မြိုလမ်းခွဲ၊ ဒုက္ခသည်စခန်းအနီးတဝိုက် နှင့် ပန်နင်ကျေးရွာလမ်းခွဲသို လက်နက်ကြီးဖြင့် (၇၈)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
ထို့အတူ မိုးကုတ်မြိုနယ် စစ်ကောင်စီတပ်က လယ်ကြီးကျေးရွာနှင့် အထက်ညောင်ကုန်းကျေးရွာသို လက်နက်ကြီးဖြင့် (၂၁)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ကွတ်ခိုင်မြို့ စစ်ကောင်စီတပ်မ ပန်ကူ၊ တုံဆင်ကြီးနှင့် တုံဆင်လေးကျေးရွာသို လက်နက်ကြီးဖြင့် (၂၀)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ နမ္မတူမြို စစ်ကောင်စီတပ်စခန်းမှ ခိုဖိတ်ကျေးရွာအနီးတဝိုက်သို လက်နက်ကြီးဖြင့် (၂၃)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
စစ်တပ်က စစ်ကူများကို ယနေ့ ဒီဇင်ဘာ ၂၀ရက်နေ့တွင် Mi17 ထောက်ပိုယာဥ်ဖြင့် စစ်ကူလူအင်အားနှင့် လက်နက်ခဲယမ်းများကို မူဆယ်စခန်းတွင် (၁)ကြိမ်၊ ကွတ်ခိုင်စခန်းတွင် (၁)ကြိမ်၊ နမ္မတူစခန်းတွင် (၁)ကြိမ်၊ ကျောက်မဲ မိုင်းငေါ့စခန်းတွင် (၁)ကြိမ် ထပ်မံ လာရောက်ပို့ချခဲ့ကြောင်း သိရှိရသည်။
ဓာတ်ပုံ- မန်တုံမြို့တွင် စစ်တပ်၏ ပစ်ခတ်မှုကြောင့် ပြည်သူပိုင်နေအိမ်များ ပျက်စီးနေစဉ်။