Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၂၁ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဒီဇင်ဘာ ၂၁ ရက် မနက်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
-ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်၊ မန်တုံ ၊ နမ္မတူ၊ မိုးကုတ်တို့မှာ TNLA နဲ့ စစ်တပ်တို့ တိုက်ပွဲတွေ ဖြစ်ပွားပြီး စစ်တပ် ပစ်ခတ်မှုတွေကြောင့် ပြည်သူလူထုရဲ့ နေအိမ်တွေ ပျက်စီးသွားတယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
– မန္တလေးမြို့ပေါ်က မန္တလေးနန်းတွင်း၊ အိုးဘိုထောင် ဗဟိုကင်းအပါအဝင် ရဲစခန်း ၃ ခုကို ရွှေပြည်စိုး စစ်ဆင်ရေးအဖြစ် ဒရုန်းနဲ့ ဗုံးကျဲတိုက်ခိုက်ခဲ့တယ်လို့ မန္တလေးခရိုင် တပ်ရင်း ၄ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါတယ်။
– မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်(ယောဒေသ)၊ ရေမျက်နီကျေးရွာက စစ်တပ်၊ ရဲ ပူးပေါင်း အထိုင်ချထားတဲ့ ရေမျက်နီနယ်မြေရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်က စစ်သား ၁၀ ဦးထက်မနည်း သေဆုံးခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။