27 C
Yangon

ကျုံဒိုးမြို့၊ တောင်ကြာအင်းကျေးရွာကို စစ်တပ်က ၂ ရက်ဆက် လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရ

Must read

ကျုံဒိုးမြို့၊ တောင်ကြာအင်းကျေးရွာကို စစ်တပ်က ၂ ရက်ဆက် လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရ

ရန်ကုန်၊ ဒီဇင်ဘာ ၂၂

ကရင်ပြည်နယ်၊ ကျုံဒိုးမြို့၊ တောင်ကြာအင်းကျေးရွာကို အကြမ်းဖက် စစ်တပ်က ၂ ရက်ဆက် လက်နက်ကြီးဖြင့် ပစ်ခတ်ရာ ပြည်သူ ၁ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း KNU−ဒူးပလာယာခရိုင် သတင်းနှင့် ပြန်ကြားရေးထံမှ သိရသည်။

ဒီဇင်ဘာလ ၁၈ ရက်နေ့ နံနက် ၁၀ နာရီ ၄၇ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ စကခ ၁၂ လက်အောက်ခံ ခလရ ၂၃၀ တပ်ရင်းက ၁၂၀ မမ လက်နက်ကြီးများဖြင့် ကျုံဒိုးမြို့၊ တောင်ကြာအင်းကျေးရွာကို ပစ်ခတ်ခဲ့ရာ ကျေးရွာနေပြည်သူ အသက် ၄၆ နှစ်အရွယ် နန်းမီစုသည် ကျည်စထိမှန် ဒဏ်ရာများဖြင့် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။

အလားတူ ဒီဇင်ဘာလ ၁၉ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ စကခ ၁၂ လက်အောက်ခံ ခလရ ၂၃၀ တပ်ရင်းက ထပ်မံ၍ ၁၂၀ မမ လက်နက်ကြီးများဖြင့် တောင်ကြာအင်း ကျေးရွာကို ပစ်ခတ်ခဲ့ရာ ကျေးရွာနေပြည်သူ အမျိုးသမီး ၂ ဦး လက်နက်ကြီး ကျည်စထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် တောင်ကြာအင်းကျေးရွာနေ အသက် ၇၁ နှစ်ရှိ ဒေါ်ခင်ရီနှင့် အသက် ၆၈ နှစ်ရှိ နန်းမူးလားအန် တို့ ထိခိုက် ဒဏ်ရာရရှိပြီး ဆေးဝါးကုသမှု ခံယူနေရကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article